၈၈၈၈ လေးလုံး အထိမ်းအမှတ်ပွဲ



ဘတ်ဖလိုးမြို့တွင် မြန်မာနိုင်ငံဖွား မိသားစုများက ၈၈၈၈ ပြည်သူနှင့် ကျောင်းသားများ ကျဆုံးရသော အထိမ်းအမှတ် နေ့ကို ကျင်းပခဲ့ကြသည်။ ပြည်သူနှင့်ကျောင်းသားများ စစ်အစိုးရ၏ ဖိနှိပ်မှုကြောင့် ၈၈၈၈လေးလုံးတွင် အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရသည်။ ထိုနေ့ကို မြန်မာနိုင်ငံဖွား ပြည်သူပြည်သားများ လုံးဝ မေ့လို့မရပေ။ ထိုအထိမ်းအမှတ်ပွဲသို့ မြန်မာနိုင်ငံဖွား မိသားများနှင့် ဖိတ်ကြားထားသော အမေရိကန်နိုင်ငံသား များ တက်ရောက်အားပေးကြည်။