ကိုလံဘို၊ အောက်တိုဘာ ၃၊ ၂၀၀၇
သီရိလင်္ကာနိုင်ငံဆိုင်ရာ Human Rights Council က ဦးဆောင်ပြီး သီရိလင်္ကာ နိုင်ငံမှ နိုင်ငံရေးပါတီများ၊ NGO အဖွဲ့အစည်များ စုစုပေါင်း (၂၃) ဖွဲ့တို့က မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရန် ငြိမ်းချမ်စွာ တောင်းဆို ဆန္ဒပြနေကြသော အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူ လူထုအပေါ် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ် နေမှုများကို ရပ်တန့်ပေးရန် တောင်းဆိုကာ မြန်မာ နအဖစစ်အစိုးရ သံရုံးရှေ့တွင် ငြိမ်းချမ်းစွာ အသံတိတ် ဆန္ဒပြ တောင်းဆိုခဲကြသည်။ အလားတူ ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲကြသော ဗုဒ္ဓဘာသာရဟန်းတော်များ၊ သီရိလင်္ကာရောက် မြန်မာကျောင်သားရဟန်းတော် များအဖွဲ့နှင့် အခြားဗုဒ္ဓဘာသာအဖွဲ့အစည်းများ ကလည်း မေတ္တာသုတ် ရွက်ဆို၍ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်း မေတ္တာပို့သခဲကြသည်။
ထိုသို့ဆန္ဒပြတောင်းဆိုရာ တွင် ပါဝင်ခဲ့ကြသော အဖွဲ့အစည်းများမှာ -
၁။ မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့
၂။ Association of the Family Members of the Disappeared (AFMD), Colombo
၃။ Centre for Peace Building and Reconciliation (Cpbr), Colombo
၎။ Centre for People Dialogue, Negombo
၅။ Centre for Development Alternatives, Kandy
၆။ Christian Alliance for Social Action (CASA), Colombo
၇။ Community Trust Fund (CTF), Puttlam
၈။ Families of the Disappeared (FOD), Katunayake
၉၊ Friends of the Third World , Negombo
၁၀။ Free Media Movement (FMM), Colombo
၁၁။ Free Trade Union Centre, Colombo
၁၂။ Human Development Organization (HDO), Kandy
၁၃။ INFORM Human Rights Documentation Centre, Colombo
၁၄။ International Friends for Global Peace, Colombo
၁၅။ Law & Society Trust (LST), Colombo
၁၆။ Just and Free Society of Uva Province , Badulla
၁၇။ Meepura publications, Negombo
၁၈။ Mothers and Daughters of Lanka
၁၉။ Muslim Information Centre (MIC), Colombo
၂၀။ National Anto War Front, Colombo
၂၁။ Right to Life Centre, Katunayake
၂၂။ United Socialist Party (USP), Colombo
၂၃။ Women's Resource Centre, Kurunegela တို့ဖြစ်ကြပါသည်။
Human Right Council နှင့် အသင်းအဖွဲ့ (၂၃)ခုတို့၏ ဆန္ဒပြုတောင်းဆိုမှုများ ကို မြန်မာသံအမတ်ကြီးမှ တဆင့်ပေးအပ်နိုင်ရန် သိရီလင်္ကာနိုင်ငံမှ ဆရာ တော်ကြီးများ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်ကြီးများ၊ မူဆလင်ဘာသာရေး ခေါင်းဆောင်ကြီးများ၊ ဟိန္ဒူဘာသာရေးခေါင်းဆောင်ကြီးများနှင့် အဖွဲ့အစည်း များမှ လူပုဂ္ဂိုလ်တို့က မြန်မာသံအမတ်ကြီးနှင့် တွေ့ဆုံနိုင်ရန် အချိန်များစွာ ပေးပြီး ကြိုးစားခဲ့ကြသော်လည်း သံရုံးတံခါးကို လုံးဝဖွင့်မပေးဘဲ ပိတ်ထားသဖြင့် ဆန္ဒပြသူများက မြန်မာစစ်အစိုးရသံရုံးဝန်ထမ်းတာဝန်ရှိသူများ၏ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြပါသည်။