အပစ်ခတ်ရပ်စဲထားသော K.I.A နှင့် K.I.O အဖွဲ့အစည်းများအား ပန်ကြားချက်

စစ်ဘီလူး နအဖအုပ်စုနှင့် အပစ်အခတ်ရပ်စဲထားသော K.I.A နှင့် K.I.O အဖွဲ့အစည်းခေါင်းဆောင်များနှင့် ရဲဘော်များသီစေရန်။

ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင်သော ရဟန်းသံဃာတော်များ ဦးဆောင်သည့် လူထုတိုက်ပွဲများသည် သမိုင်းလိုအပ်ချက်ဖြစ်ပြီး ခမ်းနားကြီးကျယ်မြင့်မြတ်လှ သော လူထုတိုက်ပွဲကြီးများပင်ဖြစ်သည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးကို တောင်းဆိုနေသော ဤသံဃာထုနှင့် ပြည်သူလုထုကြီး၏ ကြွေးကြော်သံများမှာလည်း မြန်မာတစ်မျိုးသားလုံးအတွက် စစ်ကျွန်ဘ၀မှ လွတ်မြောက်ရာ လမ်းညွှန်ပြချက်များလည်းဖြစ်ပါသည်။ သို့သော် နအဖစစ်ဘီလူးအုပ်စုသည် ဤကြီးမြတ်သော ဒီမိုကရေစီတိုက်ပွဲကြီးအား အကြမ်းဖက်ဖြိုခွဲခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ကျောင်းသားပြည်သူများ သွေးမြေကျပြီး အသက်ပေါင်းများစွာ ဆုံးရှုံးနေသည်ကို တစ်ကမ္ဘာလုံးက မြင်ရ၊ ကြားရ၍ ကြေကွဲနေကြကြောင်း သိရှိရပါသည်။

စစ်ဘီလူး နအဖစစ်အုပ်စု၏ ဦးတည်ချက်မှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည် ရေးသာဖြစ်ပြီး အပစ်အခတ် ရပ်စဲထားသော အဖွဲ့အစည်းများကိုလည်း ဆက်လတ် ဖျက်ဆီးချေမှုန်းမည်မှာ သေချာနေပါသည်။

ထို့ကြောင့် ယခင်အပစ်အခတ်ရပ်စဲထားသော ကချင်တော်လှန်ရေးတပ်မတော် အဖွဲ့အစည်းများအနေဖြင့် ယနေ့ဖြစ်ပေါ်နေသော သံဃာတော်များ ဦးဆောင် သည့် ဤလူထုတိုက်ပွဲတွင် အရှိန်အဟုန်မပြတ် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ခြင်းဖြင့် မိမိတို့ရည်မှန်းထားသော အမျိုးသားတန်းတူ ညီမျှရေးကို အရယူကြပါလို့ ကချင်ပြည်နယ်သားတစ်ဦးအနှေင့် အလေးအနက်တိုက်တွန်း ပန်ကြားလိုက်ပါ သည်။

ကချင်ပြည်နယ်သား