သတ္တိရှိစမ်းပါ



သတ္တိဆိုတာ ကိုယ်ကလုပ်ရဲမှ သတ္တိလို့ခေါ်တာမဟုတ်ပါဘူး၊ ခံရဲတာလည်း သတ္တိဖြစ်ပါတယ်။ ဘယ်သူမဆို အသာစံတဲ့လူတွေ ဖြစ်ချင်ကြတာ ဓမ္မတာပါပဲ၊ အနာခံဖို့ကျတော့ လူတိုင်းမလုပ်နိုင်တာလည်း ဓမ္မတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အနာခံရဲတဲ့ သတ္တိဟာ ပါရမီရှင်တွေရဲ့ စိတ်ဓါတ်ဖြစ်နေလို့ပါပဲ။ အများကောင်း စားဖို့ဆိုရင် ပါရမီရှင်တွေရဲ့စိတ်ဓါတ်ဟာ အသက်ပင်သေသေ အရေပင်ခန်းခန်း ပြုလုပ်တက်ကြ တာ ဓမ္မတာပါပဲ။ အဲဒီလိုလုပ်လိုက်လို့ အများချမ်းသာပြီး ၀မ်းမြောက်သွားတာကို မြင်ရတာကိုက သူတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပီတိဖြစ်ပါတယ်။ ပါရမီရှင်တိုင်းဟာ ယူရတဲ့ချမ်းသာထက် ကိုယ်ကပေးဆပ်ရတဲ့ ချမ်းသာကို ပိုပြီး တန်ဖိုးထားကြပါတယ်။

ဒါကြောင့် အများချမ်းသာရေးကို ရှေ့ရှူးပြီး ကိုယ်နဲ့မဆိုင်သလို မနေကြပဲ၊ ပေးဆပ်မှု ချမ်းသာဖြင့် မှန်တာကိုလုပ်ရဲ၊ ပြောရဲ၊ စွန့်လွှတ်အနစ်နာခံရဲတဲ့သူတွေ ပေါများလာရင်လည်း သြော် . . . ကောင်းလေစွပါတကား . . . .

ဒီနေရာမှာ ပြင်သစ်စာရေးဆရာကြီး ယန်းပေါဆက်ရဲ့ စကားလေးနဲ့လက်ဆောင်ပါးချင် ပါတယ်။ “ဒုက္ခမပါတဲ့ သုခဟာ၊ ဆားမပါတဲ့ ကြက်ဥကိုစားရသလိုပါပဲတဲ့”။ အားလုံးလိုချင်တဲ့ ချမ်းသာကိုရဖို့ ယခုလက်ရှိ ဒုက္ခကိုမကြောက်ကြပဲ ရဲရဲတင်းတင်း ရင်ဆိုင်ပြီး အများအတွက် ပါရမီဖြည့်နိုင်ကြပါစေ။

ပရအတ္ထေကတံ အတ္ထဒတ္ထံ ကတံ နာမံ ဟောတိ၊ အများအကျိုးကို ဆောင်ရွက်ခြင်းအားဖြင့် မိမိအကျိုးကိုလည်း အလိုလိုပြီးမြောက်စေနိုင်၏။

ပါရမီ