ကျွန်တော်နှင့် Sunday school


သီရိလင်္ကာနိုင် ဘုန်းတော်ကြီးကျောင်းများသည် Sunday school ကို တွင်ကျယ်စွာ သင်ကြားကြသည်။ ဗုဒ္ဓဘာသာဝင်အများစုသည် သူတို့၏သားသမီးများကို ဘုန်းတော်ကြီးကျောင်းရှိ Sunday school တွင် ဗုဒ္ဓဘာသာစာပေများ သင်ယူခိုင်းကြသည်။ ငယ်ရွယ်စဉ်အခါကပင် ဘာသာရေးနှင့် ရင်းနှီးအောင် ၄င်းတို့၏သားသမီးများကို ပြုလုပ်ပေးကြသည်။ Sunday schoolသည် သူတို့၏ ဘာသာရေးအသက်ပင်ဖြစ်သည်ဟု ဆိုလျှင် မှားမည်မထင်ပေ။