သံဃာတော်များကို သတ်ဖြတ်ရန် အကြံပေးခဲ့သူ အဓိကတရားခံဘယ်သူလဲ?




စက်တင်ဘာအရေးအခင်းတွင် သံဃာတော်များကို သတ်ဖြတ်ရန် စစ်အာဏာရှင်များအား အဓိကအကြံပေးခဲ့သော ပုဂ္ဂိုလ်သည် မောင်အံ့ မောင်အံ့( မဟာဝိဇ္ဇာ၊ ဘုံဘေ) (ခေါ်)အံ့မောင် ပင်ဖြစ်ပေသည်။ သူသည် သာသနာတော်နှင့်ပတ်သက်၍ ပျက်စီးရာပျက်စီးကြောင်း မှားယွင်းသော အကြံအစည်များ အမြဲပေးလေ့ရှိသည်။ ထို့ကြောင့် နအဖ၏ မိစ္ဆာဝါဒီလုပ်ရပ်များကို စီစစ်ကြည့်သော် ဝေးသောအကြောင်းကား မကောင်းသောအကြံအစည်များကို အမြဲပေးလေ့ရှိသော တရုတ်အစိုးရ၏ အားပေးထောက်ခံမှုကိုရခြင်း၊ နီးသောအကြောင်းကား စစ်မိစ္ဆာတို့၏အနီး၌ မကောင်းသောအကြံများ ပေးနေသော နိုင်ငံတော်အကြံပေး ဘွဲ့တံဆိပ်ခံ လူမိုက်ကြီးများပင် ဖြစ်ပေသည်။ လူမိုက်ကြီးတစ်ယောက်အကြောင်း လေ့လာကြည့်သော် ဘာသာရေးတိုက်ပွဲတိုင်း၏ နောက်ကွယ်တွင် အမြဲအကြံပေးလေ့ရှိသော တစ်ချိန်က ရဟန်းပညာရှိ၊ လောကုတ်၊ လောကီနှစ်လီကျွမ်းကျင်ပါသည်ဆိုသော မောင်အံ့( မဟာဝိဇ္ဇာ၊ ဘုံဘေ) (ခေါ်)အံ့မောင်ဆိုသူပင်ဖြစ်သည်။ စာရေးသူ ယင်းပုဂ္ဂိုလ်နှင့် ဆုံခဲ့စဉ်က သူပြောခဲ့သော စကားတစ်ချို့ကို ကောက်နုတ်ဖော်ပြရသော် ``ကိုယ်တော်တို့ ကိုယ့်အပြစ်ကို ၀န်ခံရဲရတယ်၊ တပည့်တော်ဆို အမျိုးသမီးတစ်ယောက်နှင့် (ယခုလက်ရှိ ဇနီးကိုဆိုလိုဟန်ရှိသည်) ရဟန်းဘ၀ကတည်းကပင် ဖောက်ပြန်ခဲ့တယ်၊ ကိုယ်ဝန်နှစ်လရတော့ ကိုယ်အပြစ်ကို ကိုယ်ဝန်ခံတဲ့အနေနဲ့ ဂုဏ်သိက္ခာပညာပါဝါတွေကို အမှုမထားပဲ လူဝတ်လဲခဲ့တယ်။ ပြီးနောက် ဦးစိန်လွင် လက်ထက် သာသနာသန့်ရှင်းရေး လုပ်ရာမှာလည်း သရက်တောကျောင်းတိုက်မှ သံဃာတစ်ချို့ကို အကြမ်းဖက်နှိမ်နင်းမှုမှာလည်း အဓိကအခန်ကဏ္ဍတွင် ပါဝင်ခဲ့တယ်။´´ အထက်ပါအချက်ကို သုံးသပ်ကြည့်လျှင် မောင်အံ့(ခေါ်)အံ့မောင်၏ ဘုရားအာဏာကို စော်ကားမှု၊ သံဃာကို စော်ကားမှုများသည် ထင်ရှားလှပေသည်။
မောင်အံ့(မဟာဝိဇ္ဇာ၊ ဘုံဘေ)၏ ဓာတ်ပုံကို ရှာနေခဲ့သော်လည်း ယခုမှ တွေ့ရှိခဲ့သည်။ ထို့ကြောင့် အများပြည်သူသိနိုင်ရန် ဖော်ပြလိုက်ပါသည်။