ငြိမ်းချမ်းရေးသံတမန်များသို့………………..။

ကျွန်းသီဟိုဠ် လင်္ကာဒီပ
လမ်းလျှောက်ကြ ဒီခရီးမှာ
ထီးမပါ နေပူလွန်းတော့
သွေးခြေဥလျက်
လျှောက်ရခက်၏။ ။

ကျွန်းသီဟိုဠ် လင်္ကာဒီ
လမ်းလျှောက်ကြ သည်ခရီးမှာ
နေမသာ မိုးရွာလွန်းတော့
အအေးမိလျှက်
ခရီးဆက်၏။
ဂေါလ်မြို့နဲ့ ကိုလံဘိုလ်
မိုင်(၇၀)ကျော်ခရီး
ခြေလျှင်မနီးပါသော်လည်း
မြန်မာပြည်သာစေကြောင်းရယ်နဲ့
ကမ္ဘာမြေ အေးစေကြောင်းရယ်လို့
တောင်းဆုပတ္တာဆင်လို့
ထေရ်သံဃာ အရှင်မြတ်တွေက
ငါးရက်ကြာ လမ်းလျှောက်တယ်
(ပြည်ချစ်သူ သာကီသွေးတို့ရယ်)
ဗုဒ္ဓသာသာ ရောင်ဝါလင်းစေသောဝ်။
အမိမြန်မာ ငြိမ်းချမ်းသာစေသောဝ်
(long Distance Walking Compaign ပြုလုပ်ကြသော သီရိလင်္ကာနိုင်ငံရောက် မြန်မာသံဃာတော်များအား ဤကဗျာဖြင့် ကန်တော့ပါ၏ ဘုရား။ ။)
နေ၀န်နီ