ဟိက္ကဓူဝမြို့တွင်း ဆက်လက်လမ်းလျှောက်ကြွချီ

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သည် ယခုအခါ ဟိက္ကဓူဝမြို့သို့ ရောက်ရှိပြီး မြို့တွင်းဝယ်ဆက်လက်လမ်းလျှောက်နေကြပါသည်။
သီရိလင်္ကာနိုင်ငံအာဏာပိုင်များကလည်း အစောင့်အရှောက်များကို လမ်းတစ်လျှောက်လုံး ချပေးထားကြသည်။ ဤကဲ့သို့ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ၏ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲသည် သီရိလင်္ကာနိုင်ငံတွင် ပထမဦးဆုံးဖြစ်ပါသည်။