သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ၏ ခရီးရှည် ငြိမ်းချမ်းရေး လမ်လျှောက်ပွဲ တတိယနေ့ ခရီးစဉ်ကို ညအိပ်ရပ်နားရာ အလုတဂါမမြို့၊ ကန္ဒီဝိဟာရကျောင်းတိုက်ကြီးမှ မနက် (7:30) တွင် စတင်ခဲ့ပြီး ယခုအခါ ဘေရုဝေလမြို့အလွန် ကီလိုမီအမှတ် (၅၂) ကို ကျော်ဖြတ်ခဲ့ပြီး အိန္ဒိယ သမုဒ္ဒရာရဲ့ အေးမြသော လေကိုရှူရှိုက်ရင်း ခရီးဆက်နေကြပါတယ်။ ဒီနေ့မှာ ခရီ်းစဉ်ရဲ့ တ၀က်ကို ကျော်ဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ ခရီးတင်မထွက်ခွါမီ တည်းခိုခဲ့ရာကျောင်းတိုက်အတွင်း ဘုရားအနေကဇာတင်၊ ဘုရားရှိခိုး၊ မေတ္တာဘာဝနာပွါးခြင်းများပြုလုပ်ခဲ့ကြပါသည်။ ကဲ စာဖတ် ပရိတ်သတ်များ အားပေးကြည်ညိုလိုက်ကြပါအုံး။ ဘုန်းဘုန်းတို့ ခရီးဆက်လိုက်အုံမယ်။ အခု မဟာကလ္လကဏ္ဍရွာမှာ ခရီးတစ်ထောက်နားရင်း အလှူရှင်တွေလှူဒါန်းတဲ့ အအေးဖျော်ရည်ကိုဘုန်းပေးနေကြတယ်။ ကီလိုမီတာအမှတ် (၄၉)။