သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သည် ဇန်နာဝါရီ(၄)ရက် မြန်မာလွတ်လပ်ရေး အနှစ်(၆၀)ပြည့်မြောက် အထိမ်းအမှတ်အနေဖြင့် သီရိလင်္ကာနိုင်ငံရှိ ဂေါမြို့မှ ကိုလံမြို့တော်သို့ ကီလိုမီတာ(၁၁၆)အကွာရှိ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို စတင်ကြွချီခဲ့သည်။ ယခုအခါ (၅)ရက်မြောက်နေ့အဖြင့် ကိုလံဘိုမြို့သို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။ မနက်ဖြန်သည် ငြိမ်းချမ်းစွာလမ်းလျှောက်အဖွဲ့၏ နောက်ဆုံးခရီးစဉ် ဖြစ်ပါသည်။ ခရီးအဆုံးကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ UNရုံးရှေ့တွင် သတ်မှတ်ထားပါသည်။ မနက်ဖြန် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့၏ အဆုံးသတ်အခမ်းအနားကို UNရုံးရှေ့တွင် ကျင်းပမည်ဖြစ်ပါသည်။