ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆၅ ဦးကို BGBက မြန်မာသို့ အဓမ္မပြန်ပို့ဆောင်ခဲ့

ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသောဘင်္ဂလီများအား BGB က နယ်စပ်တွင် ဖမ်းဆီးကာ ပြန်လည်၍ ယမန်နေ့ကအထိ စုစုပေါင်း ၁၅၆၅ ဦးပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းများအရ သိရှိရသည်။ 

ရခိုင်ပြည်တွင် နည်းမျိုးစုံဖြင့် အကြမ်းဖက်သောင်းကျန်းပြီး တိမ်းရှောင်လာသော ဘင်္ဂလီများမှာ စက်ဘုတ်၊ လှေနှင့် နယ်စပ်ခြံစည်းရိုး အကြားရှိ မှောင်ခိုလမ်းကြောင်း ၂၀ ကျော်တို့ကို ဖြတ်ကျော်ပြီး ဘင်္ဂလာသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

သို့သော်လည်း ယင်းတို့အား တာခ်နာ အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ အမှတ် ၄၂ တပ်ဖွဲ့(BGB)နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များက ဖမ်းဆီးပြီး ပြန်လည်၍ တရားဝင် နစကသို့ လွှဲအပ်ပို့ဆောင်ခြင်း မဟုတ်ဘဲ နယ်စပ်များမှ မြန်မာသို့ တရားမ၀င် အတင်းအဓမ္မ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း တရားမ၀င် ပို့ဆောင်ခဲ့သည့် ၁၅၆၅ ဦးမှာ ဇွန်လ ၈ ရက်နေ့မှ ယမန်နေ့ကအထိ ဖမ်းဆီးရမိသူများဖြစ်ကြောင်း၊ ဘင်္ဂလာက သင်္ခါမကင်းသူ ၁၅ ဦးအား စစ်ဆေးအရေးယူမှုများ ရှိနေကြောင်းနှင့် ပို့ဆောင်ခံရသောသူများအား ယခုအချိန်ထိ နစကနှင့် လ၀ကမှ တစုံတရာ လိုက်လံစစ်ဆေး အရေးယူမှုများ မရှိသေးကြောင်း သတင်းများ ရရှိသည်။ 

ရခိုင်ပြည်နယ်-ဘင်္ဂလာအကြား နယ်စပ်ဒေအတွင်း နေထိုင်နေကြသော ဘင်္ဂလီများမှာ မြန်မာဘက်မှ ကာရံထားသည့် နယ်စပ်ခြံစည်းရိုး သံဆူးကြိုးနှင့် သံတိုင်များကို အလွယ်တကူခိုးယူပြီး ဘင်္ဂလာသံဈေးကွက်သို့ တန်ဖိုးအနည်းငယ်ဖြင့် ရောင်းချလျက်ရှိနေကြောင်း မျက်မြင်များက ပြောသည်။

ဘင်္ဂလာမှ ၄င်းတို့နိုင်ငံအတွင်း ဖမ်းဆီးရမိသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကို လွန်ခဲ့သော ၂၀၀၀ ခုနှစ်မတိုင်ခင် ထောင်ဒဏ်ချလေ့ရှိပြီး နောက်ပိုင်းတွင် ဖမ်းဆီးအရေးယူ စစ်ဆေးမှုများမပြုလုပ်ဘဲ မြန်မာသို့ နယ်စပ်များကိုဖြတ်ပြီး တရားမ၀င် အဓမ္မပို့ဆောင်နေခြင်းမှာ ဆယ်စုနှစ်တစ်ခုကျော်လာပြီးဖြစ်ကြောင်းနှင့် ယင်းတရားမ၀င် ပို့ဆောင်မှုမှာ ရက်ပေါင်း ၃၀ အတွင်း အနည်းဆုံး ၂၅ ရက် ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းများအရ သိရှိရသည်။

မြန်မာနိုင်ငံ ပိုင်နက်အတွင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် များပြားလာခြင်းမှာ ယင်းကဲ့သို့ တရားမ၀င် ပို့ဆောင်ခြင်းခံရသူများ ရှိနေခြင်းကြောင့်ဖြစ်ကြာင်း၊ ဘင်္ဂလာမှ ရိုဟင်ဂျာပြဿနာများအား လှုံ့ဆော်မှုများမှ ယခုကဲ့သို့ ထင်ပေါ်လာခြင်းဖြစ်ကြောင်း၊ နယ်စပ်လုံခြုံရေး တာဝန်ရှိသူများက ခြစား၊ လာဒ်စားမှုများရှိနေခြင်းကြောင်းနှင့် ဘင်္ဂလာတွင် မြန်မာ့ဒုက္ခသည်စခန်းဟု အမည်တပ်ရှိနေရာမှ UNHCR အကူအညီဖြင့် တတိယနိုင်ငံများသို့ နှစ်စဉ်ထွက်ခွာနေမှုအတွင်း များသောအားဖြင့် ရခိုင်-မြန်မာစကားနှင့် စာပေမတတ်သူများဖြစ်ပြီး ၎င်းတို့မှာ ဒေသအတွင်း ဘင်္ဂလီများဖြစ်ကြောင်း လာဒ်ငွေပေး၍ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ယင်းဘင်္ဂလီများက နိုင်ငံတကာတွင် လှေစီးရိုဟင်ဂျာ အမည်ခံ ဒုက္ခသည်အဖြစ် လျှောက်ထားနိုင်ရန် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကွန်ပြူတာဆိုင်များနှင့် မောင်တော နစက-လ၀ကများမှ နိုင်ငံသားကပ်၊ ထောက်ခံစာများအား ငွေပေးပြီး အတုလုပ်ဆောင်ကာ ထွက်ခွာသွားမှုများ ရှိနေကြောင်း ဆိုသည်။ 

ယမနေ့က မြန်မာကျပ် ၃၂၃၀၀၀ ငွေ၊ ကုန်စုံပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသား အပါအ၀င် ၃ ဦးအား နယ်စပ်စောင့်တပ်ဖွဲ့က မှောင်ခိုမှုဖြင့် ဖမ်းဆီးရမိပြီး တာခ်နာရဲဋ္ဌာနမှ စစ်ဆေးချက်များ ယူနေကြောင်း သိရှိရသည်။

အဆိုပါ BGBမှ ပို့ဆောင်ခဲ့သော ဘင်္ဂလီအရေအတွက်မှာ ဒေသထုတ် သတင်းစာများက ဖေါ်ပြချက်အား စုပေါင်းတွက်ချက် ထားခြင်းဖြစ်ပြီး တခြားစာရင်းမရှိ ပို့ဆောင်ခဲ့မှုများ အများအပြား ရှိနေသေးကြောင်းနှင့် ဖမ်းဆီးမမိခဲ့သော သူများလည်းရှိကြောင်း နယ်စပ် လေ့လာသူများက ဆိုသည်။

ယင်းစက်ဘုတ်၊ လှေနှင့် နယ်စပ်ဖြတ်ကျော်ဝင်လာသူ အများအပြားတွင် အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်ကြကြောင်းနှင့် ယောက်ျားများမှာ အစောင့်အနေဖြင့် လိုက်ပါလာခြင်းသာဖြစ်ကြောင်း တွေ့ရှိရကြောင်း မျက်မြင်များကဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် နယ်စပ်လုံခြုံရေး တပ်ဖွဲ့တချို့က နယ်စပ်မှလာသည့် ဘင်္ဂလီများအား ဒုက္ခသည်စခန်းများသို့ သွားရောက်ရန် ငွေပေးလျင် ပို့ပေးကြောင်း၊ ဒုက္ခသည်အဖြစ် လက်မှတ်ရပြီး ရိက္ခာထုတ်စား၍ရမည်သူများမှာ စခန်းခေါင်းဆောင်များအား ငွေပေးလျှင် ရရှိကြောင်းသိရှိရသည်။ သို့သော်လည်း ငွေမပေးနိုင်သည့် ဘင်္ဂလီဒုက္ခသည် အများအပြားမှာ စခန်းအနီးတ၀ိုက်တွင် ယာယီတဲများဖြင့် ခုံလုံနေကြပြီး ကျဘန်းလုပ်ကိုင်စားသောက်နေကြရာ မကြာခဏ ဒေသများနှင့် ခိုက်ရန်ဖြစ်ပွားလျက်ရှိနေသည်။ 

ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာ အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၄ ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမှုတွေ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
RFA
မြန်မာစစ်တပ်က ဖမ်းဆီးသွားသော ကချင်ရွာသားများအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေကြစဉ်။
အဖြစ်မှန်ကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်မြောက်လာသူ နှစ်ဦးနဲ့ လက်ရှိ အဖမ်းခံထားရဆဲ ဦးဖလောင်လွမ်းခေါင်ရဲ့ ဇနီး ဒေါ်ဇောင်းနော အပါအ၀င် သက်သေတချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ဦးဆောင်တဲ့အဖွဲ့က အခုလို စုံစမ်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဦးဖလောင်လွမ်းခေါင်ကို ဖမ်းဆီးသွားချိန်ကစပြီး ဒီကနေ့အထိ သူနဲ့ပတ်သက်လို့ ဘာသတင်းမှ မရရှိဘူးလို့ ဇနီးဖြစ်သူ ဒေါ်ဇောင်းနောက အခုလို ပြောပါတယ်။
"တပ်မတော်သားတွေ ဆွဲခေါ်သွားတဲ့ အဲကနေ အခုထက်ထိ ဘာသတင်းမှ မကြားရဘူး။ ကျွန်မခင်ပွန်းသည်က ဦးဖလောင်လွမ်းခေါင် အခုထက်ထိ ပြန်မပေါ်လာဘူး။ ဦးဖလောင်လွမ်းခေါင်နဲ့ ဦးချယူ လွမ်းဟောင်အခုထက်ထိ မပေါ်လာဘူး။ အဲတာကို လူကြီးကနေ ခေါ်ပေးပါလို့ "
မုတ်ကျိတ်ရွာက ဦးဖလောင်လွမ်းခေါင်၊ ဦးချယူ လွမ်းဟောင်း၊ အေဂျီ ဧဝံဂေလိ အသင်းရဲ့ သင်းအုပ်ဆရာ ဦးလွန်းခေါင်နဲ့ ဦးလဟောင်ခေါင်ဟောင်းတို့ဟာ မနှစ်က နိုဝင်ဘာ ၆ ရက်နေ့မှာ တပ်မ ၈၈ ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရစဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။

ထားဝယ်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံတို့၏ အခက်အခဲများအား အလေးထားသင့်

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရာ၌ အစိုးရ၀န်ကြီးများ အနေဖြင့်   ဒေသခံများ၏ အခက်အခဲများ အပေါ် လေ့လာသုံးသပ် လုပ်ဆောင် သင့်ကြောင်း ဒေသခံလူမှုရေး အဖွဲ့အစည်းများက ဆိုသည်။

“ထားဝယ် ဒေသမှာ ကြုံတွေ့ နေရတဲ့ ပြသာနာက လျော်ကြေး ကိစ္စပဲ တိကျတဲ့ သတ်မှတ် ချက်မရှိဘဲ လျော်ကြေးကို   ပေးချင် သလိုတွေ ပေးနေကြတယ် ဘယ်သူမှ လက်မခံနိုင်ကြဘူး။ အဲ့ဒီလိုကိစ္စရပ်တွေရှိ နေတဲ့အတွက် အစိုးရပိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး တိုင်ပင် ဆွေးနွေးတာတွေ မလုပ်ခင် ဒေသခံတွေနဲ့အရင်ဆုံးတွေ့ဖို့အပ်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ပေးပြီး ဒေသခံတွေရဲ့အသံကို နားထောင်ဖို့လိုတယ်။” ဟု ထားဝယ်မြို့နေ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးဇော်သူရ က ပြောသည်။

(၄၂)စတုရန်းကီလိုမီတာအကျယ်အ၀န်း သတ်မှတ်သည့်အဆိုပါ စီမံကိန်းဧရိယာတွင်းရှိ ကျေးရွာများမှ ဒေသခံများသည် ဥယျာဉ်ခြံ (ကွမ်း၊ သီဟို၊ ရော်ဘာ)စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ စီမံကိန်း ဧရိယာတွင်းရှိ ဥယာဉ်ခြံများအတွက် သက်ဆိုင်ရာအစိုးရမှ   ဒေသခံပြည်သူများအား လျော်ကြေး ပေးကာပြောင်းရွှေ့ခိုင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ဒေသခံများက လက်ခံခြင်းမရှိသေးကြောင်း ကိုလည်း သိရသည်။

“ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းဘက်ကို ဆောက်မယ့် လမ်းတစ်လျှောက်မှာ KNUရွာ(၁၂)ရွာ ရှိတယ်။ အဲ့ဒီဘက်ကရွာတွေကိုကျတော့ ကွမ်းပင်တစ်ပင်ကိုတင် (၁၂၀၀၀၀)ပေးတယ်။ ကျွန်တော်တို့ ထားဝယ်ဒေသခံတွေကိုကျတော့ အဆင်ပြေရင်ပြေသလို ပေးတယ်။ ဘယ်နှဧကဆိုရင် ဘယ်လောက်နှုန်းနဲ့ပေးမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့နှု န်း မရှိတော့ လျော်ကြေး ပမာဏကို လက်မခံ နိုင်ကြဘူး” ဟု ဦးဇော်သူရက ဆက်ပြောသည်။

ထားဝယ်ဒေသရှိ ဖွံ့ဖြိုးရေးအသင်းအဖွဲ့များသည် ဒေသခံပြည်သူများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ awareness (အသိပညာ)ပေးတယ်။ ဒေသခံတွေအနေနဲ့ ဘယ်လို အခွင့်အရေး ရှိတယ်ပေါ့။ အဲ့ဒါကိုဘယ်လိုပြောဆိုရမယ်ဆိုတာတွေကို ပြောပြပေးတယ်။ “ ဟု ထားဝယ်ဒေသဖွံ့ဖြိုးရေးအသင်းအဖွဲ့မှ ရန်ကုန်တိုင်းညှို့နှိုင်းရေး တာဝန်ခံ ကိုဘိုဘိုက ပြောသည်။

ဝန်ကြီးချုပ်များပါဝင်သော ထားဝယ်ရေနက်ဆိပ်ကမ်းဆိုင်ရာအစည်းအဝေးတွင် ဒေသခံများအား ကာကွယ်ပေးနိုင်သော အချက်အလက်များကို ထည့်သွင့်းဆွေးနွေးသင့်ကြောင်း ၊ ကြီးမားသော အကျိုးရလဒ်ရရှိမှသာ ရေနက်ဆိပ်ကမ်းပြုလုပ်သင့်ကြောင်း ၊ ဒေသခံများနစ်နာရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကာကွယ်ပေးရန်လိုအပ်ကြောင်းနှင့် အကျိုးတူစီးပွား လုပ် ဆောင်ခြင်းသည် နှစ်ဖက်အမြတ်အစွန်းညီမျှနေမှသာ ရေရှည်အကျိုးတူစီးပွားဖြစ်ပေါ်နိုင်ကြောင်း ကိုလည်း လူမှုရေးအဖွဲ့အစည်းများက သုံးသပ်ကြသည်။

၂၀၁၂ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လတ် ရှင်နာ ၀ပ်နှင့်တွေ့ဆုံကာ ထိုင်း-မြန်မာ နှစ်နိုင်ငံအကျိုးတူစီးပွားပူးပေါင်းလုပ်ကိုင်ရန်အတွက်နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ၀န်ကြီးအဆင့်ရှိ အစည်းအဝေးအား သြဂုတ်လတွင် ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ကိုလည်း သမ္မတကြီး၏ ထိုင်းနိုင်ငံခရီးစဉ်က သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို Italian Thai ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းသည် အမေရိကန်ဒေါ်လာ (၁၃) ဘီလီယံ (ဘီလီယံဘတ် ၄၀၀) ကုန်ကျကာ စီမံကိန်းတွင် ရထားလမ်း၊ ကားလမ်း၊ စက်ရုံအလုပ် ရုံများပါ ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် စီမံကိန်းတွင် စက်မှုဇုန်များအပြင် ရထားလမ်းနှင့်ကားလမ်း တည်ဆောက်ခြင်း၊ ရေရရှိရေးအတွက် ရေကာတာတည် ဆောက်ခြင်း၊ မြို့ပြစီမံကိန်းများ များအနက်မှ    ရေဖြူမြို့နယ်အတွင်း မြို့သစ်ဖွံ့ဖြိုးရေးအတွက်  မြို့ပြစီမံကိန်းဖော်ဆောင်မည့်   မြေဧရိယာကို လျှော့ချလိုက်ကြောင်းကိုလည်း သိရှိရသည်။

 မြို့ပြစီမံကိန်းအပြင် စက်မှုဇုန်အတွင်း Green  ဧရိယာကိုပါ ထည့်သွင်း သတ်မှတ်လိုက်သဖြင့် ယခင်က ယင်းဧရိယာကို ၂၅၀ စတုရန်းမိုင် သတ်မှတ်ထားသော်လည်း ယခုအခါ ၂၀၄ ဒသမ ၅ စတုရန်းမိုင်သို့ ပြန်လည် သတ်မှတ်ထားကြောင်း ထားဝယ် ရေနက်ဆိပ်ကမ်း  အထောက်အကူပြုဥက္ကဋ္ဌက ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက သတင်းထုတ်ပြန်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသော နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာလည်း   ၂၀၀၉-၂၀၁၀တွင် အမေရိကန်ဒေါ်လာ  နှစ်ဘီလီယံကျော်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိ ရသည်။

တစ်လအတွင်း ဒုသမ္မတရွေးမည်ဟု ဦးဌေးဦးပြော

ရန်ကုန် ဇူလိုင် ၂၁
လစ်လပ်ဒုတိယသမ္မတ ရွေးချယ်ပေးရေးကိစ္စအားကြန့်ကြာအောင် အချိန်ဆွဲသွားမည် မဟုတ်ဘဲ၊၁လအတွင်း အပြီးသတ်ရွေးချယ်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ၊ ဒုတိယသမ္မတများ၊အရည်အချင်းနှင့်ကိုက်ညီမှု ရှိမရှိ စီစစ်ရေးအဖွဲ့အဖွဲ့ဝင်ဦးဌေးဦးက ယနေ့တွင်ပြောသည်။
“ကျွန်တော်တို့အချိန်ဆွဲနေလို့ ဘယ်ရမလဲ၊အမြန်ဆုံးရွေးပေးရမှာပေါ့”ဟု ဟသာင်္တမြို့နယ်တွင်ရောက်ရှိနေသည့် ဦးဌေးဦးက ဆက်သွယ်မေးမြန်းမှုကိုဖြေသည်။

လစ်လပ်ဒုတိယသမ္မတ ရွေးချယ်ရေးကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သဖြင့် မိမိတို့အဖွဲ့အနေဖြင့် လွန်ဆန်၍ မရပါကြောင်း ဦးဌေးဦးက ဆက်လက်ကာပြောသည်။ယခုရွေးချယ်မည့်ဒုတိယ သမ္မတတစ်ဦးမှာ သမ္မတကြီးအားထောက်ကူပေးရန် အတွက်ဖြစ်ပြီး လုပ်ဆောင်ရမည့် တာဝန်များမှာ သမ္မတကြီး၏ခွဲဝေပေးမှုအပေါ်တွင်သာ မှီနေသည်ဟု ၄င်းကထပ်မံကာပြောသည်။


အမေရိကန်ရုပ်ရှင်ရုံပစ်ခတ်မှု ၁၂ ဦးသေ

အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို (Colorado) ပြည်နယ်၊ ဒဲန်ဗာ(Denver) မြို့ ရပ်ကွက်တခုက ရုပ်ရှင်ရုံတခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ၁၂ ယောက် သေဆုံးပြီး  ၃၈ ယောက်ထက်မနည်း ဒဏ်ရာရ သွားတယ်လို့ ရဲက ပြောပါတယ်။

Aurora ရပ်ကွက်က Century 16 ရုပ်ရှင်ရုံမှာ လင်းနို့လူသား (Batman) နောက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ The Dark Knight Rises ရုပ်ရှင် သန်းခေါင်ချိန်မှာ စပြနေတုန်း မျက်နှာဖုံးစွပ်ထားတဲ့ --

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒဏ်ခတ်မှုရုပ်သိမ်းရေး ပြုပြင်ရေးအပေါ် မူတည်



ပထမဆုံးသံအမတ် ရန်ကုန် အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံ အပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေး ယူမှုကို နောက်ထပ် သုံးနှစ်သက် တမ်းတိုးဖို့ အမေရိကန် အထက် လွှတ်တော် ဘဏ္ဍာရေးကော် မတီက ဗုဒ္ဓဟူးနေ့တုန်းက မဲခွဲဆုံးဖြတ် ခဲ့ပေမဲ့ လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက် မှုဖြစ်စဉ်တွေ ကိုကြည့်ပြီးတော့ အမေရိကန်က ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုတွေကို ချက်ခြင်းဖယ် ရှားပေးဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ် ဒဲရစ်မစ်ချယ်က ပြောလိုက်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါ တယ်။ ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အမေရိကန်သံအမတ်သစ် ဒဲရက်ခ်၊ မစ်ချယ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအကြောင်းကိုတော့ ရန်ကုန်အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က သတင်းပို့ထားပါတယ်။

မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုကို နောက်ထပ် သုံးနှစ်သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်အပြီး မြန်မာနိုင် ငံမှာ ဒီနေ့လုပ်တဲ့ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချယ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ရဲ့ ဒီမို ကရေစီ တိုးတက်မှုဖြစ်စဉ်တွေကိုကြည့်ပြီး အမေရိကန်က ကုန်သွယ်ရေး ပိတ်ဆို့အရေးယူ မှုတွေကို ချက်ခြင်းဖွင့်ဖို့ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သွင်းကုန်များ တားမြစ်မှုတွေကို ဆက်လက် သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ဟာ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမဲ့ အမရိကန် အုပ်ချုပ်ရေးပိုင်းက သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေပြီး ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုတွေကို မြန်မာအစိုးရရဲ့ ဒီမိုကရေစီ တိုးတက်မှုတွေပေါ်မူတည်ပြီး ဖြေလျော့ရုပ်သိမ်းပေးနိုင်တယ်လို့ သူက အခုလို ပြောပြခဲ့ ပါတယ်။

“ကျနော်တို့အစိုးရပိုင်းအနေနဲ့လည်း လွှတ်တော်ကို တင်ပြလာတဲ့ Sanction ကို ရုပ်သိမ်းဖို့ လုပ်ပေးနိုင်ပါတယ်။ ကျနော် မြန်မာနိုင်ငံကိုလာတဲ့ကာလက တိုးတက်မှုတွေကို အစိုးရအဖွဲ့ကို တင်ပြခဲ့လို့ အခုဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိလာသလို သံအမတ်ကြီး အဆင့် ပြန်လည်ထားရှိခဲ့ တာတွေလည်း ဖြစ်လာတာပါ။”

ကုန်သွယ်ရေးတားမြစ်မှု ဥပဒေကို ၂၀၀၃ ခုနှစ်က စတင်ချမှတ်ခဲ့တာဖြစ်ပြီး ဇူလိုင်လကုန်အတွင်း သက်တမ်းကုန်ဆုံးတော့မှာမို့ သက်တမ်းတိုးဖို့ အမေရိကန်အထက်လွှတ်တော်က လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ ကုန်သွယ်ရေးတားမြစ်မှုကို အိမ်ဖြူတော်က သက်ညှာလျှော့ပေါ့ခွင့်နဲ့ ရပ်ဆိုင်းခွင့်ရှိတယ်လို့ ဖော်ပြထားတဲ့အပေါ် သူက အခုလို ပြောပြသွားခဲ့တာပါ။ မကြာသေးခင်က အမေရိကန် သမ္မတ ဘာရက်ခ်၊ အိုဘားမားက အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန် မာနိုင်ငံမှာ ရင်းးနှီး မြှုပ်နှံနိင်ကြပြီလို့ ပြောကြားခဲတာကြောင့် အမေရိကန် ကော်ပိုရိတ် စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မကြာမီ လာရောက်ရင်းနှီးတော့မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ စီးပွားရေးအရ ပွင့်လင်းမှုတွေဟာ သယံဇာတလုပ်ငန်းတွေမှာ အလွန်အရေးကြီးတယ် လို့လည်း အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ထောက်ပြခဲ့ပါတယ်။

“တိုင်းပြည်ထဲစီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေဆီ ထိထိရောက်ရောက် စောင့်ကြည့်နိုင်ရေးအတွက်  ဒီသတင်း အချက်အလက်တွေက အထောက် အကူဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ စီးပွားရေးပွင့်လင်းမှုက သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေပမာဏ ကြီးမားပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းလို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက နိုင်ငံတော် ရဲ့ အမွေအနှစ်ဖြစ်တဲ့ သဘာဝ သယံဇာတတွေကို စီမံခန့်ခွဲကြရ တာဖြစ်လို့ပါ။ ဒါကြောင့် MOGE လို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်မယ့် အမေရိကန် ကုမ္ပဏီတွေအတွက် အထူး လိုအပ်ချက်တွေကို ကျနော်တို့ဘက်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံအနေနဲ့ ပြည်တွင်းမှာ  ရင်းနှီးမြှုပ်နှံမှုတွေမှာသာမက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်တွေမှာလည်း လေးလေးနက်နက် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ သူက ပြောခဲ့ပါသေးတယ်။ USAID အနေနဲ့ ပြည်တွင်းမှာ စားနပ်ရိက္ခာ လိုအပ်နေတဲ့နေရာတွေအတွက်လည်း အမေရိကန် ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။

“ဒီကနေ့မှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည် သူတွေအတွက် ဒေါ်လာ သုံးသန်းဖိုး စားနပ်ရိက္ခာ အကူအညီပေးမယ့် အကြောင်းကို ကြေညာလို ပါတယ်။ USAID ရဲ့ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံးကနေတဆင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ကို ကျနော်တို့ ဒေါ်လာ သုံးသန်း လှူဒါန်းလိုက်တာပါ။ ဒီလှူဒါန်းငွေနဲ့ WFP က ဆန် မက်ထရစ် တန်ချိန် ၃,၄၀၀ ဖိုးလောက် ဝယ်ယူမှာဖြစ်ပြီး ဒါဟာ လူ ၅,၅၀၀ အတွက် ၆ လစာ အကူအညီဖြစ်ပါ လိမ့်မယ်။ ဒီဆန်တွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရထိန်းချုပ်ထား ရာ ဒေသတွေမှာရော အစိုးရထိန်းချုပ်မှု မရှိတဲ့ ဒေသတွေမှာပါရှိနေကြတဲ့ နေရပ်စွန့်ခွာ ထွက်ပြေး လာရတဲ့သူတွေကို WFP က ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။”

ဒီကနေ့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှာပြုလုပ်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲဟာ ဒဲရက်မစ်ချယ် ရဲ့ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီးတဲ့နောက်မှာ ပထမဆုံးပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဖြစ်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီတိုးတက်ရေးတွေမှာUS-AID က ကူညီဆောင်ရွက်ပေးသွားမယ်လို့ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်၊ မစ်ချယ်က ကတိပြုသွားခဲ့ပါတယ်ခင်ဗျား။

သမ္မတ ဦးသိန်းစိန်ကို ထိုင်းသတင်းစာက ပြင်းထန်စွာ ဝေဖန်



မြန်မာသမ္မတ ဦးသိန်းစိန် ဇူလိုင်လအတွင်း ကမ္ဘောဒီးယား နိုင်ငံ Siem Reap တွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်း ပြောကြားနေစဉ်

 မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ အတွင်းက သူ၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးနောက် လာမည့် တနင်္ဂနွေနေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်ကို စတင်မည် ဖြစ်သည်။ ထိုစဉ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ မကြာသေးခင်က မှတ်ချက်များကိုသောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။

မူလက ဇွန်လ ၄ ရက်နေ့တွင် ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် စတင်ရန် သတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေးဖိုရမ် တွင်လည်း မိန့်ခွန်းပြောရန် စီစဉ်ခဲ့သေးသည်။ သို့ရာတွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ရန်နှင့် ထိုကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားရန် အားတက်သရော ဖိတ်ကြားခဲ့ကြပြီးသည့် နောက်တွင်မူ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြ ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါအောက်တွင် လွှမ်းမိုးခံရမည်ကို မလိုလားသဖြင့် ခရီးစဉ် ဖျက်သိမ်းလိုက်ကြခြင်း ဖြစ်ကြောင်း ထင်ကြေးများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာအစိုးရကမူ နိုင်ငံအတွင်းတွင် ထမ်းဆောင်ရန် တာဝန်များ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်း
ဖြစ်သည်ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင်လည်း နောက်ထပ် ခရီးစဉ် တခုကို ဖျက်သိမ်းခဲ့ပြန်သည်။

သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကာ ခေါင်းဆောင်နှစ်ဦးသည် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ နေရာကို မြန်မာနိုင်ငံက လက်ခံဆောင်ရွက်မည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်ရေးများ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးပွဲသို့လည်း တက်ရောက် ကြမည်ဖြစ်သည်ဟု ထိုင်းအရာရှိများက အစောပိုင်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အရာရှိတဦးသို့ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ပြောကြားခဲ့သည့် မှတ်ချက်ကို ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က သောကြာနေ့တွင် ပြင်းပြင်းထန်ထန် စိန်ခေါ် ထားခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအား ကုလသမဂ္ဂက လက်ခံရန် အကြံပေးခြင်း ဖြစ်သည်။ ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွါးကာ လူပေါင်း ၇ဝ ကျော် အသက် ဆုံးရှုံးခဲ့ရသည့် အပြင် အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး နောက်တွင် သမ္မတက ကုလသမဂ္ဂ အရာရှိအား အကြံပေးခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်တွင် “မြန်မာနိုင်ငံနဲ့ သူတို့အစိုးရဟာ ၄၈ နှစ်လုံးလုံး ရက်စက် ကြမ်းတမ်းလှတဲ့ စစ်အာဏာရှင်စနစ် အပြီးမှာ ပြန်လည် အမီလိုက်ဖို့အတွက် သွားစရာခရီးတွေ အများကြီး ရှိနေသေးပါတယ်။ မကြာခင် က မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေဟာ အပြင်ပန်း စည်းလုံးညီညွတ်မှု မျက်နှာစာကြီး ကို ပြိုကျစေခဲ့ပါတယ်” ဟု ဆိုထားသည်။

“သမ္မတ ဦးသိန်းစိန်ရဲ့ မှတ်ချက်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အစိုးရ တရပ်ဆီက ကြားရတဲ့ ခုတလောအတွင်း စိတ်ပျက်စရာ အကောင်းဆုံး မှတ်ချက်ပါပဲ” ဟု အယ်ဒီတာ့ အာဘော်က ဆိုသည်။

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်က ဆက်လက်၍ ဆိုထားသည်မှာ “သူ [သမ္မတ ဦးသိန်းစိန်] က ကုလသမဂ္ဂကို လွန်ခဲ့တဲ့ အပါတ်က ပြောခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက လက်ခံ ကြိုဆိုမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ သူတို့ကို ဒုက္ခသည် စခန်းတွေမှာ နေရာချထားဖို့နဲ့ ပိုကောင်းတာကတော့
မြန်မာနိုင်ငံကနေ နှင်ထုတ်ဖို့ပါပဲလို့ ဆိုခဲ့ပါတယ်။ သူတို့ဟာ လူမျိုးအရလည်း အများစု ဗမာတွေနဲ့ ခြားနားနေပြီး ဘာသာရေးအရလည်း မူစလင်တွေ ဖြစ်ကြတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ တခုတည်းသော အဖြေကတော့ သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် သူတို့ကို လက်ခံချင်တဲ့ တတိယ နိုင်ငံတွေမှာ သူတို့ကို အခြေချစေဖို့ပါပဲ လို့ သူက ဆိုပါတယ်” ဟု ရေးသားထားသည်။

ဘန်ကောက်ပို့စ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန်၏ အမြင်အား ထိုင်းအစိုးရက စောဒက တက်ပါရန် တိုက်တွန်း ထားသည်။

“ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုနဲ့တကွ ပြဿနာတွေကို ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေးသင့်ပါတယ်။ ထိုင်းနိုင်ငံ နဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေဟာ ဒီလူတွေရဲ့ အတိဒုက္ခတွေကို သေသေချာချာ သတိထားမိပါတယ်” ဟု သတင်းစာက ဆိုသည်။

“မြန်မာ သမ္မတရဲ့ အံ့သြထိတ်လန့်စရာ ကောင်းတဲ့ မှတ်ချက်ကို မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ သေနတ်အောက်မှာ တကယ့်ကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရတဲ့အတွက် ခုလို ပြောမိတာလို့ ဆင်ခြေပေးလို့တော့ ရနိုင်ပါတယ်” ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် သူပြောခဲ့သည့် စကားအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့လျှင်လည်း လက်ခံနိုင်စရာမရှိဟု အယ်ဒီတာ့ အာဘော်က ဆိုထားသေးသည်။

“မြန်မာနိုင်ငံဟာ ရှည်လျားပြီး အမှောင်ဖုံးလွှမ်းနေတဲ့ အကြမ်းဖက်မှု သမိုင်းကြောင်းကနေ ရုန်းကန်ပေါ်ထွက်လာနေ
တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ က စံနှုန်းတွေနဲ့ အလွန် ကွဲပြားခြားနားတဲ့ စံနှုန်းတွေနဲ့ ကမ္ဘာသစ်ထဲကို ဝင်ရောက်နေ တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ မှတ်ချက်တွေကတော့ လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှု၊ ခြိမ်းခြောက်မှု ဆန်နေပါတယ်။ သူတို့ကို စောဒကတက် ဝေဖန်မှုတွေ ရှိသင့်ပါတယ်” ဟု ထိုင်းနိုင်ငံထုတ်ဘန်ကောက်ပို့စ်
သတင်းစာ အယ်ဒီတာ့အာဘော်က ရေးသားထားသည်။

စစ်တွေတွင် ဘင်္ဂါလီ ၂၀၀ကျော် စုရုံးမှု သေနတ်ပစ်ဖောက် ဟန့်တား


အရေးပေါ် အခြေအနေ ထုတ်ပြန် ထားဆဲဖြစ်သော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ ဘုမေရွှာမှ ဘင်္ဂါလီလူမျိုးများ ဇူလိုင်လ ၂၀ရက်နေ့တွင် ဗလီမှ အပြန်တွင် လူ ၂၀၀ကျော် စုရုံးပြီး ရခိုင်တိုင်း ရင်းသားများ နေထိုင်ရာ ရပ်ကွက်များဘက်သို့ ချီတက်လာသဖြင့် လုံခြုံရဲများက သေနတ်ပစ်ဖောက် ဟန့်တား ခဲ့ရကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ဘင်္ဂါလီလူမျိုးများ ဗလီတွင် ၀တ်ပြုပြီး အပြန်တွင် လူ ၂၀၀ခန့် စုံရုံးကာ ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများသို့ နေ့လယ် ၁နာရီ ခွဲခန့်တွင် ချီတက်လာခဲ့သဖြင့် ဒေသလုံခြုံရေး များက ဆူပူမှု မဖြစ်ပွားစေရန် အချိန်မီ ထိန်းသိမ်း ခဲ့ရကြောင်း ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကမှု “သေနတ်သုံးချက် ပစ်ပြီး လူစုခွဲလိုက်ရတယ်။ ထိခိုက် ပျက်စီးတာတော့ မရှိခဲ့ဘူး“ ဟု ၄င်းက စစ်တွေမြို့ အခြေအနေကို ရှင်းပြသည်။

စစ်တွေ GTC ကျောင်းကြိုပို့ယာဉ်ကို ဘင်္ဂါလီများ နှောင့်ယှက်သောကြောင့် ကျောင်းမတက်ရဲ

ဇူလိုင် ၁၈၊ ၂၀၁၂ (YPI) – ယမန်နေ့က စစ်တွေ အစိုးရနည်းပညာ ကောလိပ်မှ ကျောင်းကြို ပို့ယာဉ်ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ လူအုပ်စုက ဟန့်တားနှောက် ယှက်ခဲ့သောကြောင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ဆရာမများမှာ ၎င်းလုံခြုံရေး အတွက်စိုး ရိမ်ကြပြီး ကျောင်းမတက် ရဲဖြစ်နေကြသည်။

ယမန်နေ့က ကျောင်းဝန်းအတွင်း လုံထိန်းရဲ ငါးဦးချထားသည့်ကြားမှ ကျောင်းအနီးတ၀ိုက်တွင် ယင်းကဲ့သို့သောဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ခြင်းကြောင့် ကျောင်းသူ၊ကျောင်းသားများနှင့် ဆရာ၊ဆရာမများမှာ ၎င်းတို့၏ လုံခြုံရေးအတွက် များစွာစိုးရိမ်လျက်ရှိကြောင်း ၎င်းကောလိပ်မှဆရာမတစ်ဦးက ပြောသည်။

``ကျွန်မကတော့ အလုပ်ထုတ်ရင်ထုတ်ပစ်လိုက်။ လုံခြုံမှုအပြည့်အ၀ မပေးနိုင်သရွေ့ ကျောင်းတက်(စာသင်)မှာ မဟုတ်ဘူး။ ဒီနေ့တောင် ကျွန်မ ကျောင်းမတက်ဘူး´´ ဟု မျက်မြင်ကြုံတွေ့ခဲ့သည့် ၎င်းဆရာမက ပြောသည်။

ယနေ့ ဗုဒ္ဓဟူးနေ့တွင် ကျောင်းသို့သွားရာ လမ်းတစ်လျှောက် စစ်သားအချို့ကို လုံခြုံရေးအတွက် ချပေးထားသော်လည်း ကျောင်းတက်သူ ကျောင်းသူ၊ ကျောင်းသားဦးရေမှာ မရှိသလောက်ဖြစ်သွားကြောင်းလည်း စစ်တွေဒေသခံများက ပြောသည်။

ယမန်နေ့နေ့လည် ၂ နာရီဝန်းကျင်ခန့်က စစ်တွေရှိ အစိုးရနည်းပညာကောလိပ်(GTC)မှ ကျောင်းသူ၊ကျောင်းသားများ စီးနင်းလာသော ကျောင်းကြိုပို့ယာဉ်အား ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီလူအုပ်စုက ဟန့်တားနှောင့်ယှက်မှုများပြုလုပ်သောကြောင့် ကျောင်းသူကျောင်းသားများ ကြောက်လန့်ကာ ဒရောသောပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ကျောင်းသားတစ်ဦးက YPI သို့ပြောသည်။

``သူတို့(ဘင်္ဂါလီ)တွေက ခဲတွေဘာတွေနဲ့ လှမ်းပစ်တာ… ရှေ့ဆုံးက (သုံးဘီးဆိုင်ကယ်)တက္ကစီမောင်းတဲ့သူထိသွားတာနဲ့ ကျနော်တို့လည်း ကြောက်အား၊ လန့်အားနဲ့ ကျောင်းဘက်ပြန်လှည့်ပြီး ရှောင်တိမ်းလိုက်ရတယ်´´ဟု ၎င်းက ပြောသည်။

``တချို့ကြောက်အားလန့်အားနဲ့ ကားပေါ်ကနေခုန်ဆင်းပြီး ကျောင်းဘက်ကိုပြေးကြတာ၊ ထမင်းချိုင့်တွေ ပြုတ်ကျတဲ့သူပြုတ်ကျ။ တချို့မိန်းကလေးတွေဆိုရင် ကျွတ်ကျသွားတဲ့ ထမီကိုတောင် ပြန်ကောက်မ၀တ်နိုင်ကြဘူး။ အသက်ဘေးဆိုတော့ ထွက်ပြေးကြရတာ´´ဟု အထက်ပါ GTC ပထမနှစ်ကျောင်းသားဖြစ်သူက ထပ်ပြောသည်။

ထိုဖြစ်ရပ်ဖြစ်ပွားပြီး နာရီဝက်အကြာတွင် စစ်သား ၁၅ ဦးပါဝင်သော စစ်ကားတစ်စီးရောက်လာကာမှ ဒုတ်၊ ဒါး၊ သံချွန်အစရှိသည်များ ကိုင်ဆောင်ထားသည့် ဘင်္ဂါလီယောက်ျား၊ မိန်းမ အယောက် ၅၀ ကျော်တို့မှာ နောက်ပြန်ဆုတ်သွားကြသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် ကျောင်းသားများက ပြောသည်။ ထိုသို့ နှောက်ယှက်သော ဘင်္ဂလီများမှာ ကျောင်းသွားလမ်း အနီးအနားရှိ သဇင်ပိုက်ရွာနှင့် ရေချမ်းပြင်ရွာတို့မှ ဖြစ်နိုင်ဖွယ်ရှိကြောင်း ကျောင်းသားများက ခန့်မှန်းပြောဆိုသည်။

စစ်တွေမြို့၏ အနောက်ဘက် ၁၂ မိုင်ဝန်းကျင်တွင် တည်ရှိသော အစိုးရနည်းပညာကောလိပ်ကို မကြာသေးခင်ကဖြစ်ပွားခဲ့သော အရေးအခင်းကြောင့် ပိတ်ထားခဲ့ပြီး ယခုကုန်ခဲ့သည့် တနင်္လာနေ့ (ဇွန် ၁၆ ရက်)ကမှ လုံခြုံရေးစိတ်ချရပြီဟု ယူဆကာ ကျောင်းပြန်ဖွင့်ပေးခဲ့ပြီး ယခုဖြစ်ရပ်မှာ ကျောင်းစဖွင့်ပြီး နောက်တစ်ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစိုးရက ရခိုင်ပြည်နယ်တွင် အခြေအနေများ ပုံမှန်အနေအထားပြန်ရောက်နေပြီဟု ထုတ်ပြန်ကြေညာထားသော်လည်း ဒေသခံများမှာ အပြည့်အ၀လုံခြုံပြီဟု မခံစားရသေးဘဲ အခြေအနေ ပြန်လည်ဆိုးရွားလာမည်ကို စိုးထိတ်နေကြသည်။ ည ၆ နာရီကျော်လျင် အပြင်မထွက်ရဟူသည့် `ညမထွက်ရ´ အမိန့်ရှိနေသေးခြင်းကလည်း အခြေအနေတင်းမာနေဆဲဖြစ်သည့် သဘော သက်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီများ ခိုးဝင်နိုင်မှုမရှိစေရန် ကြည်းတပ်နှင့် ရေတပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးအပြည့်ယူကာ စောင့်ကြပ်နေသည်ဆိုသော်လည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်မှ လူ ၈ ဦး လိုက်ပါလာသည့် စက်လှေတစ်စီး တရားမ၀င်ခိုးဝင်လာရာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျွန်းနားရောက်မှ ၎င်းလှေကို သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးနိုင်ခဲ့သည်။

စက်လှေပေါ် လိုက်ပါလာသည့် ယင်း ၈ ဦးအနက်၊ တစ်ဦးမှာ ဒဏ်ရာရရှိသွားသောကြောင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကျန် ၇ ဦးကို စစ်တွေထောင်သို့ ပို့ကာ စစ်ဆေးခဲ့ရာ ၎င်းတို့က ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်လာသူများဖြစ်သည်ဟု ၀န်ခံခဲ့ကြကြောင်း ဒေသအာဏာပိုင်များနှင့် နီးစပ်သည့် YPI ၏ သတင်းရင်းမြစ်များက ပြောသည်။

ရေတပ်ဘက်မှ ရရှိသည့် သီးခြားအတည်မပြုနိုင်သေးသော သတင်းတစ်ခုအရ စုစုပေါင်း ခိုးဝင်လာသည့် စက်လှေအရေအတွက်မှာ ၁၁ စီးဖြစ်သည်ဟုဆိုသည်။ ကျန် ၁၀ စီးကို ဖမ်းဆီးရမိသည်၊ မရမိသည်ကိုမူ သတင်းမရရှိသေးပေ။

``ဘယ်လိုလုပ် ကျနော်တို့ ဒီမှာ အေးချမ်းနိုင်မှာလဲ…အချိန်မရွေး တစ်ခုခု ထဖြစ်နိုင်တယ်…သတိနဲ့နေနေကြရတယ်´´ ဟု စစ်တွေဒေသခံ အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။         ။

ကိုယ်ဝန်ဆောင်တဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှု ပြင်ဦးလွင်မြို့ တွင် ဖြစ်ပွါး

မချောစု ခေါင်းတွင် ဦးခေါင်း ကွဲအပ်ဒဏ်ရာတစ်ခု မေးရိုးပြုတ်ထွက်ပြီး သွားများ ကြိုးသည့်ဒဏ်ရာများ မျက်နှာတွင်လည်း ထိုးနှက် ဒဏ်ရာများစွာ ရရှိပြီး သေဆုံးခဲ့သည်။
သတင်းအပြည့်အစုံနှင့် သေဆုံးပုံ ဓါတ်ပုံများကို အသေးစိတ်တင်ပြထားပါသည်။
မှတ်ချက်။ ။ နှလုံးမကောင်းသူများ အကြည်သင့်ပါ။

သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ


အတားအဆီးများကြားမှ ကော့သောင်း အာဇာနည်နေ့ အခမ်းနား

(၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းနားကို အတားဆီးများ ကြားမှ
 ကော့သောင်းအဖွဲ့ ချုပ်ကျင်းပ ၁၉ ဇူလှိုင် ၂၀၁၂ ကော့သောင်း
                     
(၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းနားကို အတားဆီးများကြားမှ အမျိုးသား 
ဒီမိုကရေစီအဖွဲ့ချုပ် ကော့သောင်းမြို့နယ်မှ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
နံနက်(၈.၃၀) မီနစ်တွင် အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့်၊ စိတ်ပါဝင်စားသူပြည်သူအင်အား ၃၀၀ ကျော်ခန့်တို့ ရွှေဇင်ယော် ရပ်ကွက်၊မြရည်ပုလဲလမ်းရှိအဖွဲ့ချုပ်ရုးံတွင် စုရပ်
လုပ်ကာ လွမ်းသူပန်းခွေများကိုင် ဆောင်ပြီး မြရည်ပုလဲလမ်းနှင့် ဗိုလ်ချုပ်လမ်း
တစ်လျှေက် ဆိုင်ကယ်များဖြင့် အာဇာနည်နေ့ကို အများပြည်သူ တို့ ပြန်လည်
 အောက်မေ့သတိရစေရန် ရည်ရွယ်ချက်ဖြင့် လှည်လည်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကြဆုးံခဲ့ကြသည့် 
နံနက်(၁၀.၃၇) မီနစ်တွင်အဖွဲ့ချုပ်ရုးံရှေ့ ယာယီအာဇာနည်အထိမ်းမှတ်
 နေရာတွင် တစ်မီနစ်အကြာ ဥဘြဆွဲအလေးပြုခဲ့ကြပြီး ဥဘြဆွဲနေစဉ် 
လမ်းသွားလမ်းလာ ကားနှင့် မော်တော်ဆိုင်ကယ်များ ရပ်နားအလေးပြုခဲ့ကြ
သည်ကို ထူးခြားစွာ တွေ့မြင်ခဲ့ရပါတယ်။
နံနက်(၁၁.၀၀) နာရီတွင် ဒုတိယ ပိုင်းအစီစဉ်ဖြင့် အဖွဲ့ချုပ်ရုးံအတွင်းတွင် 
(၆၅) နှစ်မြောက် အာဇာနည်နေ့အခမ်းနားကို ဆက်လက်ကျင်းပါရာ တက်ရောက်လာကြသောအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူ များက ကဗျာ
၊ဆောင်းပါး များဖြင့် ဂုဏ်ပြုခဲ့ကြပါတယ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့သောင်းမှ (၆၅) နှစ်မြောက် 
အာဇာနည်နေ့ကို ဗိုလ်ချုပ် ကျေးရုပ်တွင် ပန်းခွေချအလေးပြုရန်အတွက်
 မြို့နယ်ကော်မရှင်သို့ တင်ပြထားသောလည်း အာဇာနည်အထိမ်းမှတ်ဖြင့်
 ပြုလုပ်ထားသော နေရာမဟုတ်ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့ပါတယ်။
 တားဆီးမှုအချို့ရှိသောလည်း (၆၅) နှစ်မြောက်အာဇာနည်နေ့ကို မြို့နယ်
အုပ်ချုပ်ရေးအဖွဲ့ မှဦးဆောင်ကာ ပထမဦးဆုးံအကြိမ်ကျင်းပပြီး နိုင်ငံရေး
ပါတီတစ်ပါတီးလျှင် (၁၀) ဦးစီကို တက်ရောက်ရန်ဖိတ် ကြားခဲ့ပါတယ်။

မြန်မာစစ်သားများ၏ ရိုက်နှက်မှုကြောင့် တီးတိန်တွင် ရွာသားတဦးသေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန် ကျေးရွာတွင် ရဲ နဲ့ စစ်သားများက လိုင်စင်မဲ့ ဆိုင်ကယ်ပိုင် ရှင်များ ထံ ငွေကြေးတောင်း ခံရာမှ ခိုက်ရန်ဖြစ်ပွားမှုတခုဖြစ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့က  ရွာသားတဦး သေဆုံးသွား သည်ဟု သိရသည်။

တီးတိန်မြို့မှ ၁ မိုင်ခန့်ဝေးသော ဆိုဇန်ကျေးရွာ အနီး ကနေဒီတောင်တွင် တာဝန်ကျ ကလေး မြို့ အမှတ် (၆) ဆက်သွယ် ရေးတပ်မှ တပ်သား ၂ ဦး နှင့် ရဲ ၁ ဦးတို့သည် ဆိုဇန်ကျေးရွာတွင် လိုင်စင်မဲ့ဆိုင်ကယ်ပိုင် ရှင်တွေ ထံ ငွေကြေး တောင်းခံ ရာမှ ဆိုင်ကယ်ပိုင်ရှင်များနှင့် ခိုက်ရန်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကို သွားရောက်ဖြန်ဖြေခဲ့သော ဆိုဇန်ရွာသား ဦးထန်မှုန်းသည် စစ်သား များ၏ရိုက်နှက်မှုကြောင့် ဇူလိုင်လ ၁၃ ရက်နေ့က တီးတိန်ပြည်သူ့ဆေးရုံး တွင် သေဆုံးသွား ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့နယ် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချူပ် ခေါင်းဆောင် ပူးထန်ဒိုး လျန်ကပြောသည်။

“ ရဲတယောက်နဲ့ စစ်သားတွေက လိုင်စင်မရှိတဲ့ဆိုင်ကယ်တွေကို ပိုက်ဆံတောင်းတာ သူ့ရွာ သား တွေနဲ့စကား များတာ သူကတဖက်နဲ့တဖက် ရန်မဖြစ်နဲ့ဆိုပြီး ဖျန်ဖျေတာ စစ်သားတွေက ရိုက်တာပေါ့နော် သူ့နဖူး ၂ လက်မလောက် ကွဲပြီးတော့ ၂ လက်မလောက် နက်တယ်နော် ခုဆေးရုံးမှာ သေသွားတယ်’’ ဟု သူကပြောသည်။

အခင်းဖြစ်ပွားရာတွင် ပါဝင်သော ရဲ တဦးကို တီးတိန်မြို့နယ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီ ဟု သိရပြီး စစ်သား ၂ ဦး၏ အခြေအနေကိုမူ မသိရသေးပေ။ ယခုကိစ္စနှင့်ပတ်သက်ပြီး ယနေ့ တွင် ဟားခါးမြို့မှ ပြည်နယ်ရဲမှူး တီးတိန်မြို့ သို့ ရောက် လာမည်ဟုသိရသည်။

တီးတိန်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အရပ်သား နှင့် အာဏာပိုင်များ ခိုက်ရန်ဖြစ်ပွားမှုမကြာခဏဖြစ် ပွားလျက်ရှိ သည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း တီးတိန်မြို့ပေါ်ရှိ ၅၂၈ စားသောက်ဆိုင် ပိုင်ရှင် မမားမာန် ကို ဒေသတွင်းအခြေ စိုက် စစ်ဘက်ရေးရာလုံခြုံရေး( စရဖ) ရဲဘော် တပ်ကြပ် ဇင်ထွေးက လည်ပင်းညှစ်ပြီး ဦးခေါင်းကို ထိုးနှက်ခဲ့မှုတခုဖြစ်ပွား ခဲ့ပြီး ယင်းကိစ္စကို အရေး ယူပေးရန် အထက်အာဏာပိုင်များထံ အမှုဖွင့်တိုင်ကြားခဲ့သည်။

ဖမ်းဆီးခံ ၀န်ထမ်းများအရေး ကုလနဲ့ မြန်မာအစိုးရ ညိနှိုင်း

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုဝန်ထမ်းအချို့ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးက ပြောပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ဒေသအတွက် အကူအညီတွေကို လူမျိုး ဘာသာ ခွဲခြားမှုမထားပဲ အကူအညီတွေ  ဆက်ပေးသွားမယ်လို့ လည်း ပြောပါတယ်။ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကုလသမဂ္ဂနဲ့ ဆက်နွယ်တဲ့ အကူအညီပေးရေးလုပ်သား ၁၀ ဦး လောက်ဟာ ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ် အဓိကရုဏ်းတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေရဲ့ ထိမ်းသိမ်းခြင်းကို ခံခဲ့ရတာပါ။ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး၊ အချို့ကိုတော့ တရားရုံးထုတ် စစ်ဆေးနေပြီလို့ သိရပါတယ်။ ကုလသမဂ္ဂ ၀န်ထမ်းအချို့ကို ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မြန်မာအစိုးရဖက်က တရားဝင်ထုတ်ဖော်မပြောသေးပါဘူး။

ဒါပေမယ့် ကုလသမဂ္ဂဖက်ကတော့ လူသားချင်းစာနာကူညီရေးလုပ်ငန်းမှာ လုပ်နေတဲ့ ၀န်ထမ်းတွေ ဖမ်းခံထားရတယ်လို့ အတည်ပြုထားပါတယ်။ ဒီလူတွေရဲ့ အခြေအနေ ပိုသိရအောင်လို့ မြန်မာအာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ MARTIN NESIRKY က မနေ့က ကုလသမဂ္ဂပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“လူသားချင်းစာနာကူညီရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းအတော်များများကို မြန်မာအာဏာပိုင်တွေက ခေါ်ယူ ထိမ်းသိမ်းထားတာရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိုနှိုင်းရေးမှုးအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီးတော့၊ အဲဒီ ထိမ်းသိမ်းခံထားရတဲ့ ကူညီရေးဝန်ထမ်းတွေနဲ့ပတ်သက်လို့ အခြေအနေတွေ ပိုသိရဖို့ ကြိုးပမ်းနေပါတယ်။ တုန့်ပြန်ချက်ရဖို့ စောင့်နေတုန်းပါ။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်ကလည်း ပြီးခဲ့တဲ့ရက်ကပဲ မြန်မာသမတဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားမှာလုပ်တဲ့ စီးပွားရေးညီလာခံအတွင်းတွေ့ဆုံစဉ်မှာ၊ ဖမ်းဆီးခံရတဲ့ အကူအညီပေးရေးလုပ်သားတွေနဲ့ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ထွက်ပြေးနေကြရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကလည်း ဒုက္ခသည်အဖြစ် လက်မခံတာကြောင့် ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်လို့ နိုင်ငံတကာက မြန်မာရော ဘင်္ဂလားဒေ့ရှ်ကိုပါ ဝေဖန်နေတာပါ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Antonio Guterres ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ သမတဦးသိန်းစိန်နဲ့ တွေ့ဆုံတော့၊ မွတ်ဆလင်တွေကို လက်ရှိ တည်ဆဲဥပဒေအတိုင်းပဲ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တိုက်တွန်းပြောခဲ့ပါတယ်။ ကျန်သူတွေကိုလည်း တိုင်းပြည်အတွင်း ပုံမှန်ဘ၀လို နေထိုင်ခွင့်ရဖို့ ဥပဒေအရ လိုအပ်သလို ဆောင်ရွက်ပေးသင့်တယ်လို့ တိုက်တွန်းသွားပါတယ်။

ရခိုင်ဒေသကိုလည်း ခွဲခြားမရှိပဲ အကူအညီတွေပေးသွားမှာ ဖြစ်တယ်လို့ UNHCR ဂျီနီဖာရုံး ပြောခွင့်ရသူ Melissa Fleming က ပြောခဲ့ပါတယ်။

“ကုလသမဂ္ဂအနေနဲ့ကတော့ ရခိုင်လူမျိုးတွေကိုရော မွတ်ဆလင်တွေကိုပါ ခွဲခြားမှုမရှိပဲ နှစ်ဖက်စလုံးကို လူသားချင်းစာနာမှုအကူအညီတွေ ဆက်ပေးသွားမှာပါ။ ဒါဟာ နှစ်ဖက်အသိုင်းအ၀ိုင်းအကြား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်။ တရားဥပဒေစိုးမိုးမှုရှိပြီး လူ့အခွင့်အရေးအရ ချည်းကပ်ကိုင်တွယ်မယ့် အခြေအနေတွေကို မျှော်လင့်ထားပါတယ်။ ”

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးအနေနဲ့ မြန်မာသမ္မတနဲ့ တွေ့စဉ်မှာ ဖမ်းဆီးခံထားရတဲ့ ကုလသမဂ္ဂ၀န်ထမ်းတွေ ကိစ္စကိုလည်း မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ ၀န်ထမ်း ၁၀ဦးထဲမှာတော့ UNHCR ၀န်ထမ်းက သုံးဦးဖြစ်ပြီးတော့၊ ကျန်သူတွေကတော့ အခြားကုလသမဂ္ဂအေဂျင်စီနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုက ကူညီရေးလုပ်သားတွေဖြစ်ကြပါတယ်။ သူတို့ကို တွေ့ဆုံခွင့်လည်း တောင်းထားပြီး၊ ဒီအပေါ်မှာ မြန်မာအာဏာပိုင်တွေဖက်က တုန့်ပြန်မှုကို ကုလသမဂ္ဂဖက်က စောင့်ဆိုင်းနေတုန်းပဲလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ အမေရိကန်ပြည်ထောင်စုသို့ရောက်မည်

ဓာတ်ပုံ Atlantic Council Web site
Atlantic Council မှချီးမြှင့်သော ကမ္ဘာ့နိုင်ငံသားဆု၊ (Global Citizen Award) ဆုရှင်များ။ ဒေါ်အောင်ဆန်းစုကြည်၊ Henry Kissinger, Sadako Ogata, Quincy Joines
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုဆီ လာရောက်ဖို့ရှိပါတယ်။

အမေရိကန်အခြေစိုက် Atlantic Council က ပေးတဲ့ တတိယအကြိမ်မြောက် “ကမ္ဘာ့နိုင်ငံသား” ဆုလို့ဆိုရမယ့် “Global Citizen Award” ကို လက်ခံရယူဖို့အတွက် လာရောက်မှာဖြစ်တဲ့အကြောင်း Atlantic Council ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး တာလင်းန် အာနာနီယန် (Taleen Ananian) က ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့ကျရင် နယူးယောက်မြို့မှာ ကျင်းပမှာပါ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သန္နိဋ္ဌာန်အခိုင်အမာနဲ့ လုပ်ဆောင်မှု၊ လွတ်လပ်မှုနဲ့ လူသားဂုဏ်သိက္ခာ တို့ရဲ့ နိုင်ငံတကာ အမှတ်သင်္ကေတဖြစ်မှုတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုချီးမြှင့်တာဖြစ်တဲ့ အကြောင်း Council ရဲ့ ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆုချီးမြှင့်ဖို့ ရွေးချယ်ခံရသူတွေထဲမှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဟောင်း ဆဒကို့ အိုဂတ (Sadako Ogata)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဟန်နရီ ကစ်ဆင်းဂျား (Henry Kissinger)၊ အမေရိကန်ဂီတသမားနဲ့ လူသားအရေး လှုပ်ရှားသူ ကွင်စီ ဂျူံးစ် (Quincy Joines) တို့ လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆုရှင်တဦးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အမှုဆောင်ညွှန်ကြားရေး မှူး ခရစ္စတင်းန် လာဂါ့ဒ် (Christine Lagarde) က ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးအပ်မှာဖြစ်ပါတယ်။

Atlantic Council ကို အတ္တလန်တိတ်သမုဒ္ဒရာ တဖက်တချက်မှာရှိတဲ့ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု နဲ့ အပြည်ပြည် ဆိုင်ရာလုံခြုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပါတီစွဲမရှိတဲ့အဖွဲ့တဖွဲ့အဖြစ် ၁၉၆၁-၆၂ ခုနှစ်က ဖွဲ့စည်းခဲ့ တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင် တန် ဒီစီမြို့တော်မှာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံရဲ့ ဇူလိုင်လ ၂၆ ရက်နေ့ အစီအစဉ်တခုမှာလည်း ဗွီဒီယိုကနေတဆင့် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။

စက်တင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုဆီ လာရောက်မယ်ဆိုရင်တော့ ရာစုနှစ်လေးပုံတပုံနီးပါး အတွင်း ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဒီ့မတိုင်ခင်ကတော့ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဥရောပနိုင်ငံတချို့ဆီ ခရီးထွက်ခဲ့ပါသေးတယ်။

ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည်

မြန်မာအစိုးရအနေနှင့် ဆက်သွယ်ရေး (telecommunication) ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရ အကြီးတန်းအရာရှိတဦးက ဖော်ထုတ် ပြောဆိုလိုက် သည်။

နိုင်ငံတကာ ကုမ္ပဏီများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်စေကာ မြန်မာပြည်တွင်း အခြေခံ အဆောင်အအုံများ တည်ဆောက်ပြီး ဝန်ဆောင်မှုများ ပေးစေရန်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်စိုးက စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာအစိုးရအနေနှင့် တိုင်းပြည်တွင်း ဝန်ဆောင်မှုများ ပေးရန်အတွက် နိုင်ငံခြားကုမ္ပဏီ သုံးခုအထိ ဖက်စပ် လုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုနိုင်သည်။

“ကျနော်တို့အနေနဲ့ နိုင်ငံသားတွေအတွက် ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုတွေမှာ ပိုမိုများပြားတဲ့ ရွေးချယ် စရာတွေ ပေးလိုပါတယ်။ ဒါဟာ လူတိုင်းအတွက် လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ အကျိုးဖြစ်ထွန်းစေမှာပါ” ဟု ဦးကျော်စိုးက ဆိုသည်။

အစိုးရအနေနှင့် မကြာမီ လအနည်းငယ်အတွင်း အကြံပေးတယောက်ကို ခန့်အပ်မည်ဖြစ်ပြီး ၎င်းအကြံပေး အရာရှိ အနေနှင့် မြန်မာပြည်တွင်း ရင်းနှီးလုပ်ကိုင်မည့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများအတွက် အဆိုပါ ကဏ္ဍ ဖွင့်လှစ်ရေးနှင့် ဘောင်စည်းမျဉ်းများအတွက် အကြံဉာဏ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းဌာနကြီးမှူး ဦးကျော်စိုးက ပြောဆိုသည်။

လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံတွင် လူ သုံးသန်းသာလျှင် တယ်လီဖုန်း တလုံး အသုံးပြုနိုင်သေးပြီး လာမည့် ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်ကုန်တွင် ၇၅ ရာခိုင်နှုန်းထိ မြှင့်တင်ရန် ရည်ရွယ်ထားသည့်အတွက် လူဦးရေ သန်း ၄၀ မှာ ဖုန်းကိုင်ဆောင် အသုံးပြုလာနိုင်လိမ့်မည် ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။

ထိုသို့ နိုင်ငံခြား ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်သည့်အခါ အစိုးရအနေနှင့် ပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းထိ စွဲကိုင်ထားမည် ဖြစ်သည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဥပဒေအရ ဆက်သွယ်ရေး လုပ်ငန်းမှာ အခြေခံအားဖြင့် နိုင်ငံပိုင်ဖြစ်ပြီး အစိုးရသာလျှင် ဝန်ဆောင်မှုပေးနိုင်သည့် တဦးတည်းသော အခွင့်အရေးပိုင်ရှင် ဖြစ်သည်။ သို့သော် ဆက်သွယ်ရေး ဥပဒေသစ်တခုကို မူကြမ်းရေးဆွဲနေရာ အချောကိုင်အဆင့်သို့ ရောက်ရှိနေပြီး ၎င်းဥပဒေသစ်အရ ပုဂ္ဂလိက အခန်းကဏ္ဍများလည်း ခွင့်ပြုလာလိမ့်မည်ဟု ဦကျော်စိုးက ပြောဆိုသွားသည်။

မြန်မာနိုင်ငံသည် နိုင်ငံအတွင်း မိုဘိုင်းဖုန်းနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုများ တိုးတက်ရေးအတွက် အလင်း ဖန်မျှင် fibre-optic ကွန်ယက် ကို နိုင်ငံအနှံ့ တည်ဆောက်လျက် ရှိနေသည်။ လက်ရှိ Fibre-optic ကွန်ယက်၏ အရွယ်အစားမှာ ကီလိုမီတာ ၁၀၀၀ ခန့်ရှိကြောင်း ဦးကျော်စိုးက ပြောခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ကို ပြောဆိုသွားခြင်း မရှိပေ။

ဒုသမ္မတလျားထားခံရသူ ဦးမြင့်ဆွေ ရဲ့ သား တာရာမြင့်ဆွေ သြစတြေလျနိုင်ငံသားခံ ယူထား

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေဟာ သြစတြေလျနိုင်ငံသားခံယူထားသူ သူရဲ့  ဇနီးဖြစ်သူကို လက်ထပ်ထိမ်းမြားပြီးတဲ့နောက်မှာ သူကိုယ်တိုင်လည်း သြစတြေလျနိုင်ငံသား ခံယူထားသူဖြစ်ကြောင်းသိရပါတယ်။

ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေရဲ့  ဇနီးဖြစ်သူ (ဒေါက်တာမြင့်ဆွေနှင့် ဒေါ်ခင်သန်းဝင်းတို့ ၏ သမီးဖြစ်သူ) ဟာ သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့ (Fairfield City, Syndey, New South Wales State, Australia) မှာ နေထိုင်ကြပြီး၊ သူမဟာ လွန်ခဲ့တဲ့ (၁၂) နှစ်ခန့် ကကတည်းက ဖီဂျီနိုင်ငံ (Fiji) ကနေ သြစတြေလျနိုင်ငံရဲ့  နိုင်ငံသားခံယူပြီး ဆစ်ဒနီမြို့ သို့  ရွှေ့ ပြောင်းအခြေစိုက်နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမ္မတအဖြစ် အဆိုတင်သွင်းထားမှုဟာ ဒုတိယသမ္မတဖြစ်ဖို့  လက်ရှိသတ်မှတ်ချက်များနဲ့  ညှိစွန်းနေတာကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ အခုလိုတွေ့ ရပါတယ်။

ရဟန်းတော်များနှင့် ရခိုင် ပြည်နယ် အစိုးရ ထိပ်တိုက်တွေ့

 ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရဟန်းတော်များ ဖွဲစည်းထားသော အဖွဲ့အစည်းကို တရားမ၀င် အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း ပြည်နယ် ၀န်ကြီးချုပ်မှ စွပ်စွဲ ပြောကြားပြီးနောက် ရဟန်းတော်များနှင့် ပြည်နယ် အစိုးရ အကြားတွင် ဆက်ဆံရေး တင်းမာ နေကြောင်း ----
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ရွာနှစ်ရွာရွာလုံးကျွတ် ခဲပစ်ပေါက်မှုဖြစ်၍ ရဲတပ်သား ၃၀၀ ကျော်ဖြင့်ထိန်းသိမ်းခဲ့ရ

မိတ်္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ် နေပူကုန်းကျေးရွာမှ လမ်းဖောက် သည့်ကိစ္စနှင့်ပတ်သက်၍ ဆပ်ခင်း ကျေးရွာမှ မကျေနပ်သဖြင့် တစ်ရွာ နှင့်တစ်ရွာ ရွာလုံးကျွတ် ကလေး၊ လူကြီးမကျန် အုပ်စုလိုက်ခဲဖြင့်ပစ် လောက်လေးများဖြင့်ပစ်ခတ်၍ရဲတပ် သား ၃၀၀ ကျော်ဖြင့် ၀ိုင်းဝန်းထိန်း သိမ်းလိုက်ရသည့်ဖြစ်ရပ်တစ်ခုဇူလိုင် ၁ ရက်ကဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ၀မ်းတွင်းမြို့နယ် အနောက်ဘက် ၁၃ မိုင်အကွာတွင် နေပူကုန်းကျေးရွာနှင့် ဆပ်ခင်းကျေး ရွာနှစ်ရွာရှိသည်။ နေပူကုန်းကျေး ရွာနှင့် ဆပ်ခင်းကျေးရွာတို့မှာ ဘော လုံးကွင်းနှင့် အလကကျောင်းခွဲသာ ခြားသည်။ ထိုနှစ်ရွာမှာ ယခင်က တည်းက လမ်းဖောက်မည့်ကိစ္စနှင့် ပတ်သက်၍ မပြေမလည်ဖြစ်ကာ မြို့နယ်အထိပြဿနာတက်နေသည့် ရွာနှစ်ရွာဖြစ်သည်။ ထိုသို့ပြဿနာ တက်နေသည့်ကြားက ဇွန် ၃၀ ရက် နံနက် ၈ နာရီအချိန်က နေပူကုန်း ကျေးရွာသားများက လမ်းစတင် ဖောက်လုပ်ရာ ဆပ်ခင်ကျေးရွာသူ ကျေးရွာသားများက မကျေမနပ်ဖြစ် ကာ စကားများရန်ဖြစ်ကြသည်။ အ စပထမတွင် ပါးစပ်မှစကားများကြ ရာမှ နောက်ဆုံးရွာနှစ်ရွာမှရွာသူရွာ သားတစ်ဘက် ၄၀၀ ခန့်တို့သည်က လေးလူကြီးမကျန်တစ်ဘက်နှင့်တစ် ဘက် ခဲဖြင်ပစ်ပေါက်၊ လောက်လေး ဖြင့် ပစ်ခတ်သည်အထိကျူးလွန်လာ ကြသည်။

ရွာနှစ်ရွာရန်ဖြစ်ကြရာတွင်ကြား တွင် ဘောလုံးကွင်းကြီးခြားပြီး လောက်လေးဖြင့်ပစ်၊ခဲဖြင့်ပစ်ပေါက်  နေရာ ၀မ်းတွင်းမြို့နယ်အုပ်ချုပ်ရေး မှူးဦးကိုကိုထွေးလာရောက်ထိန်းသိမ်း ဖြန်ဖြေသော်လည်း ရန်ပွဲမှာရပ်မ သွားဘဲဆက်လက်၍မရပ်မနားဆက် ဖြစ်နေကြသည့်အတွက်ဝမ်းတွင်းမြို့  နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုထွေးက မိတ်္ထီလာခရိုင် အုပ်ချုပ်ရေးမှူးဦးစိန် အုပ်ထံတင်ပြခဲ့သည်။ မိတ်္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးစိန်အုပ် ရန်ဖြစ် သည့်ရွာနှစ်ရွာသို့ လာရောက်ကွင်း ဆင်းထိန်းသိမ်းသော်လည်းမရဘဲ ရန်ပွဲမှာပြင်းထန်လာ၍တစ်ဘက်နှင့် တစ်ဘက်လောက်လေး၊ ခဲများဖြင့် အပြင်းအထန်ဆက်လက်ပစ်ခတ်နေ ကြသဖြင့် မိတ်္ထီလာ၊ ၀မ်းတွင်း၊ ပင်း တလဲ၊ မလှိုင်၊ ကျောက်ဆည်မြို့နယ် များမှ ရဲတပ်ဖွဲ့ဝင်များ၊ စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်တို့ဖြင့် ၀ိုင်း ၀န်းထိန်းသိမ်းလိုက်ရသည်။

ဤကဲ့သို့တစ်ဘက်နှင့်တစ်ဘက် ခဲများ၊ လောက်လေးများဖြင့် ပစ် ခတ်ကြသဖြင့် ဆပ်ခင်းကျေးရွာမှကို ခင်မောင်ရင် ၃၅ နှစ်မှာဘယ်ဘက် မျက်လုံးတွင်ဒဏ်ရာရရှိသွားသဖြင့် မန္တလေးဆေးရုံသို့တင်ပို့ထားရသည်။ နေပူကုန်းကျေးရွာမှ ကိုကျော်ညွန့် ၅၅ နှစ်မှာလည်း ၀မ်းဗိုက်တွင်ဒဏ် ရာရရှိသွား၍၀မ်းတွင်းဆေးရုံတွင် အတွင်းလူနာအဖြစ်တက်ရောက်ကု သနေရပြီး နေပူကုန်းရွာမှ ဦးဘိုလှ ၅၃ နှစ်မှာလည်း ပေါင်တွင်ဒဏ်ရာ ရရှိသွားသဖြင့် မန္တလေးဆေးရုံသို့ တင်ပို့ထားရသည်။ ဆပ်ခင်းကျေးရွာ မှ ဦးသန်းထွန်း၊ ဦးသိန်းသန်း၊ ဦးဝင်း မြင့်၊ ဦးမောင်ညွန့်၊ မောင်ဇော်ဇော်  အောင်၊ သန်းနိုင်ထွန်း၊ မအိချောပို၊ ကိုနိုင်၊ ကိုအေးလွင်၊ ဦးတင်ငွေ၊ ဦး မောင်ကြီး၊ မောင်သိန်းဘို၊ ဦးဇော်ဦး၊ ဦးညွန့်ဝင်းနှင့် ဦးဇော်လှိုင်တို့တွင် ဦးခေါင်းနှင့်ကိုယ်လုံးတို့တွင် ဒဏ်ရာ အသီးသီးရရှိသွားခဲ့သဖြင့် ၀မ်းတွင်း ဆေးရုံတွင်ပြင်ပလူနာအဖြစ်ပြသခဲ့ ကြရသည်။ နေပူကုန်းကျေးရွာအား ၁၅ ဦးကျော်လည်းဒဏ်ရာအသီးသီး  ရရှိသွားခဲ့ကြကာ နေပူကုန်းတိုက် နယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ ကြသည်ဆို၏။

နေပူကုန်းကျေးရွာနှင့် ဆပ်ခင်း ကျေးရွာလူထုအုပ်စုဖွဲ့၍ ရန်ဖြစ်နေ သည့်နေရာသို့ ဇူလိုင်လ ၁ ရက်နေ့ က မန္တလေးတိုင်းဒေသကြီးလုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၀န် ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ မန္တ လေးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးအောင် နိုင်သူ၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းနိုင်တို့ အခင်းဖြစ်နေသည့်နေ ရာသို့ စစ်ဆေးကြည့်ရှုကြသည်။ ထို့ နောက် နေပူကုန်းကျေးရွာမှ ရပ်မိ ရပ်ဖ ၂၀ နှင့် ဆပ်ခင်းကျေးရွာမှ ရပ်မိရပ်ဖ ၂၀ တို့အား ဆပ်ခင်းအ လယ်တန်းကျောင်းခွဲ အစည်းအဝေး ခန်းမသို့ဖိတ်ကြား၍ မန္တလေးတိုင်း ဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး၊ မန်္တလေးတိုင်းရဲတပ် ဖွဲ့မှူး ရဲမှူးကြီးအောင်နိုင်သူ၊ မိတ်္ထီ လာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန်အုပ်တို့မှ ကျေးရွာနှစ်ရွာမှ ရပ် မိရပ်ဖများအား နှစ်ဦးနှစ်ဖက်ကျေ အေးရန်နှင့် ဆက်လက်ရန်မဖြစ်ကြ ရန်တားမြစ်ပြီး ဆက်လက်၍ရန်ပွဲ ကျူးကျော်ဖြစ်နေပါက ဥပဒေအရ ထိရောက်ပြင်းထန်စွာအရေးယူသွား မည်ဖြစ်ကြောင်းအသိပေးပြောကြား  ကာ ရပ်မိရပ်ဖများအားဝန်ခံကတိ လက်မှတ်ရေးထိုး၍ ရွာနှစ်ရွာ၏ပြ ဿနာအား ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

ကျေးရွာနှင့် ရွာအုပ်စုလိုက်က လေးလူကြီးပါမကျန် တစ်ရွာနှင့်တစ် ရွာခဲများ၊ လောက်လေးများဖြင့်ပစ် ခတ်ကြသော်လည်း ကြားတွင်အုတ် တံတိုင်းခတ်ထားသောဘောလုံးကွင်း ကြီးခံနေ၍ လူအသေအပျောက်မရှိ ဘဲ ယခုလောက်အနည်းငယ်သာ ဒဏ်ရာရရှိကြကြောင်းသိရသည်။

ညမထွက်ရအမိန့် ချိုးဖောက်သူများ ထောင်ဒဏ် ၆ လ ချမှတ်ခံရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို လိုက်နာခြင်း မရှိသော ဒေသခံနှစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးပြီး ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း ---

သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်

ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ ခရီးလှည့်လည်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သို့
ပြန်လည် ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လူအမြောက် အများဖြင့် ကြိုဆိုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်
လမ်းတလျှောက် ဝဲယာတွင် အင်္ကျီ အနီရောင်များ ဝတ်ဆင်ကာ ခွပ်ဒေါင်းအလံနှင့် မြန်မာနိုင်ငံအလံများ ကိုင်ဆောင်၍ ပြည်သူ များက ကြိုဆိုရန် စီစဉ်နေသည်ဟု စီစဉ်နေသူတဦးဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင် က ပြောသည်။

“ပြည်သူလူထုကြီးကို ကိုယ်စားပြုပြီး နိုင်ငံအတွက် ဂုဏ်ယူဖွယ် ဆောင်ရွက်ခဲ့သူကို ပြည်သူ တသန်းခန့်က ဂုဏ်ပြုကြိုဆိုကြမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ရန် နှစ်ရက်အလိုတွင် ကြိုဆိုမည့် လူပေါင်း သိန်းဂဏန်းအထိ စာရင်းရရှိထား သည်ဟု ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့်အတူ စီစဉ်နေသူများက ပြောသည်။

“အခုတောင် စာရင်းပေးထားတဲ့သူတွေက အတော်များနေပြီ။ အချို့ဆို ဟိုတယ်တခုလုံးက ဝန်ထမ်းတွေက ကြိုဖို့ရှိပါတယ်” ဟု generation wave မှ တာဝန်ရှိသူတဦးက ပြောသည်။

အနောက်နိုင်ငံများတွင် နိုဘယ်ငြိမ်းချမ်းရေးဆု အပါအဝင် ဂုဏ်ထူးဆောင်ဘွဲများ လက်ခံရယူပြီး ပါလီမန်များ၊ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက တလေးတစား ကြိုဆိုဂုဏ်ပြုခြင်းခံရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်အား
ပြည်သူများကလည်း ဂုဏ်ယူစွာကြိုဆိုကြသည်ကို ကမ္ဘာက သိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စီစဉ်သူများက ဆိုသည်။

ယခုကဲ့သို့ ကြိုဆိုရေးစီစဉ်ရာတွင် လူမှုရေးအဖွဲ့အစည်းများ အပါအဝင် G Wave မှ လူငယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ဝေစန္ဒာ- ရန်ကုန် (မဇ္ဈိမ)