စေတစ်လုံးပိုင်ရှင် မဟုတ်ပါဘူး
ဒါပေမဲ့
ကြေကြေ မွမွရိုက်ချိုးထားခံရတဲ့ အတောင်ပံတွေ
ငါတို့ ပြန်စုစည်းနိုင်ခဲ့တယ် ။
အာဏာမရှိပါဘူး
(အာဏာဆိုလို့ အိမ်မှာမွေးထားတဲ့ ခွေးကိုတောင် ရှုးတိုက်စွမ်းမရှိပါဘူး)
ဒါပေမဲ့
လွတ်မြောက်ရာ ဆိုတဲ့ ကိုယ်ပိုင်အသိတွေနဲ့
ငါတို့ လမ်းတွေပေါ်ထွက်ခဲ့ကြတယ် ။
ကာလတာရှည် ဒီစီးမျောမှု့တွေထဲ
မုန်တိုင်းကိုလည်း ရင်ဆိုင်တယ်
လှိုင်းကြမ်းကိုလည်း အံတုတယ်
အတောင်ပံတွေ ရိုက်ချိုးလည်း မယိုင်လဲ
ဒါဟာ ငါတို့ရဲ့ တေးသွားအစစ်ဖြစ်တယ် ။
ဒီတေးသွားဟာ
လူငယ် ကြိုက်(Rap)ဂီတမဟုတ်ဘူး
လူကြီးတွေလည်း နှစ်သက်တဲ့ (mix လုပ်ထားတဲ့)
ဂီတအမျိုးအစားဖြစ်တယ် ။
ဒီတေးသွားဟာ
လူတစ်ချို့ကိုသာ ဖျော်ဖြေပြီး
လူတစ်ချို့နားကို ဗလောင်ဆူပွက်စေတဲ့ (Complex beats တွေများလွန်းတဲ့)
အတုအယောင်ဂီတမဟုတ်ဘူး ။
ဒီတေးသွားဟာ
ငါတို့ရဲ့ အမျိုးသားသီချင်း(National Anthem)ဖြစ်တယ်
ဒီတေးသွားဟာ
ငါတို့ရဲ့ နိဗ္ဗာန်ဘုံဖြစ်တယ်
ဒီတေးသွားဟာ
ငါတို့ရဲ့ ကောင်းကင်ဘုံဖြစ်တယ် ။
ပျံမယ်....ပျံမယ်
ဆက်လက်ပျံသန်းနေဦးမယ်
ငါတို့ တေးသွားတွေအသံမစုံမခြင်း
ငါတို့ ဂီတတွေပရိသတ်တွေရှေ့ မရောက်မခြင်း
ငါတို့တောင်ပံခတ်သံတွေ(လမ်းတွေပေါ်မှာ ငြိမ်းအေးစွာ)
ဆက်လက်ဆူညံနေဦးမယ် ။ ။ ။
Setember 18..သို့ အမှတ်တရ...