
ဤအရှင်များသည် နောင်တစ်ချိန် သာသနာတာဝန်ကို အပြည့်အ၀ထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များဖြစ်ကြပါသည်။ ဤကဲ့သို့ သာသနာတာဝန်ကို ထမ်းဆောင်သော အရှင်များမရှိလျှင် သာသနာတော်သည် ယနေ့တိုင် မတည်တံ့နိုင်ပေ။ ထိုပုဂ္ဂိုလ်များသည် သာသနာအတွက် အလွန်ကျေးဇူးများသော အရှင်များဖြစ်ကြပါသည်။ ဤအရှင်များကို သာသနာ့ကျေးဇူးရှင်များဟု တင်စားလျှင် မှားမည်မထင်ပေ။ အဘယ်ကြောင့်ဆိုသော် သာသနာတော်အစဉ်အဆက်ကို ထိန်းသိမ်းလာသော ပုဂ္ဂိုလ်များသည် ရဟန်းသံဃာတော်များ ဖြစ်သောကြောင့်ပင်တည်း။